
အာဆီယံနှင့်ဆက်စပ်နေသော ထိပ်သီးအစည်းအဝေးများနှင့် အေပက် စီးပွားရေးခေါင်းဆောင်များ၏ အစည်းအဝေးတို့ကို တက်ရန် မနီလာနှင့် ရှန်ကျန်းတို့ကို လာရခြင်းသည် ကျွန်မအတွက် အလွန်ပင် ဝမ်းမြောက်စရာဖြစ်ရပါသည်။ ကျွန်မသည် ယင်းအစည်းအဝေးနှစ်ခုစလုံး၏သဘာပတိများက ပြသသော ခေါင်းဆောင်မှုအတွက် ကျွန်မ၏လေးစားမှုကို ဖော်ပြချင် ပါသည်။
လွန်ခဲ့သောတစ်နှစ်က ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရပြီးနောက် ထိုအစည်းအဝေးနှစ်ခုကို ကျွန်မတက်ခဲ့ရသည့်အခါ အစည်းအဝေး လက်ခံကျင်းပသောနိုင်ငံတို့၏ ခေါင်းဆောင်များထံမှ နွေးထွေးသော ကြိုဆိုမှုကို ရရှိခဲ့ပါသည်။
ထိုစဉ်ကတည်းက ကျွန်မသည် နိုင်ငံအများအပြား၏ ခေါင်းဆောင်များနှင့် ဆက်ဆံရေးများ နက်ရှိုင်းခဲ့ရပါဘည်။ ထိုအထဲ တွင် ဂျပန်-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး ပုံမှန်အနေအထားပြန်ဖြစ်သည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည်အဖြစ် သမ္မတ မာကို့စ်၏ ဂျပန်သို့ နိုင်ငံတော်အလည်အပတ်ခရီးမှတစ်ဆင့် ထိတွေ့ဆက်ဆံမှုလည်း ပါဝင်နေခဲ့ပါသည်။
တရားဥပဒေစိုးမိုးမှုကို အခြေခံထားသော လွတ်လပ်ပွင့်လင်းသည့်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းစနစ် (international order)သည် ကမ္ဘာ့စီးပွားရေး၌ အမျိုးမျိုးသောစိန်ခေါ်မှုများနှင့် မသေချာမှုများကို ရင်ဆိုင်နေရသောကြောင့် အင်ဒို-ပစိဖိတ်ခေါင်းဆောင်တို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရမည်ဖြစ်ပြီး အရေးတကြီးဖြစ်လာသော ပြဿနာများကို ကိုင်တွယ်ရန် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
“လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ် (FOIP) ဆိုသည့် ဂျပန်၏အမြင်သည် ယခုနှစ်တွင် ၁၀ နှစ်မြောက်နှစ်ပတ်လည် ဖြစ်လာပြီဖြစ်သောကြောင့် ကျွန်မ မေလထဲတွင် ခေတ်နှင့်အညီလုပ်ဆောင်ထားသော FOIP ကို ထုတ်ပြန်ခဲ့ပါသည်။
အင်ဒို-ပစိဖိတ်ဒေတစ်ခုလုံး ပိုမိုတောင့်တင်းလာစေရန်နှင့် ခံနိုင်ရည်ပိုကောင်းပြီး အတူတကွကြွယ်ဝလာစေရေးအတွက် ဂျပန်သည် ဒေသတွင်းရှိ မိတ်ဆွေများ မိမိ၏ကိုယ်ပိုင်အနာဂတ်ကို ဆုံးဖြတ်ရန် လိုအပ်သောလွတ်လပ်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ ရှိလာစေရေးအတွက် တစ်နိုင်ငံချင်းစီကိုကူညီရန် ယင်းမိတ်ဆွေတို့နှင့်အတူ လုပ်ဆောင်ပါမည်။
ဤသို့ဆောင်ရွက်ရာတွင် ခိုင်မာအောင်လုပ်ရမည့် နယ်ပယ်တစ်ခုမှာ တည်ငြိမ်သော စွမ်းအင်ပံ့ပိုးမှုရှိစေရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရေးပင်ဖြစ်ပါသည်။
ဂျပန်က “POWER Asia”ဟူသော အစီအစဉ်ကို စတင်ခဲ့သည်။ ကျယ်ပြန့်စွာ အားကောင်းသော စွမ်းအင်ခံနိုင်ရည်ရှိမှု အတွက် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ဤမူဘောင်သည် အရှေ့ အလယ်ပိုင်း အခြေအနေ၏သက်ရောက်မှုကို များစွာခံနေရသော အာရှကို အလေးကဲထားပါသည်။
အာရှ၌ ရေနံစိမ်းနှင့် ရေနံထုတ်ကုန်တို့ကို အနီးဆုံးကာလ ဝယ်ယူမှုအား အထောက်အပံ့ပေးသည့်အပြင် ယင်းမူဘောင် သည် ရေနံသိုလှောင်မှုစနစ်များ ဖွံ့ဖြိုးရေးနှင့်စွမ်းအင်အရင်းအမြစ်များကို တည်တည်ငြိမ်ငြိမ်ရရှိရေးတို့ကို ပံ့ပိုးပေးပါသည်။
ဂျပန်သည် ဒေသတွင်း လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ယင်းမူဘောင်၏ စီးပွားရေးဆိုင်ရာ ဒဏ်ခံနိုင်မှုကို ချဲ့ထွင်ခြင်းအားဖြင့် ဤ POWER Asia ထပ်မံအား ကောင်းလာအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားပါသည်။
အာဆီယံကလည်း အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံအမြင် (AOIP) ကို ချမှတ်ထားသည်။ လွန်ခဲ့သောနှစ် အာဆီယံ-ဂျပန် ထိပ်သီးတွင် AOIP ကို ထပ်မံမြှင့်တင်ရန်၊ ထပ်မံအကောင်အထည်ဖော်ရန် ပူးတွဲထုတ်ပြန်ခဲ့ပြီး မိမိတို့၏ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန် ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြခဲ့ပါသည်။
အာဆီယံနိုင်ငံများက ခေတ်နှင့်အညီမွမ်းမံထားသော FOIP နှင့် AOIP တို့ကို ပေါင်းစည်းမှုအား အသိအမှတ်ပြုထား သည်ကို ကျွန်မ အားတက်မိပါသည်။
ယခုနှစ် အာဆီယံထိပ်သီးတွင် ကျွန်မတို့သည် ပူးတွဲထုတ်ပြန်ချက်ကို ထုတ်ပြန်ရန် ရည်မှန်းထားသည်။
The Asia Zero Emission Community (Azec) ကိုလည်း မနီလာမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ စီးပွားရေးတိုးတက်မှု၊ ကာဗွန်ကင်းစင်အောင်ဆောင်ရွက်မှု၊ စွမ်းအင်ဖူလုံမှုတို့ တစ်ပြိုင်တည်း အောင်မြင်ရန် ကျွန်မက Azec ကို Azec 2.0 အဖြစ် ပြောင်းလဲရန် ရည်မှန်းထားသည်။
အင်ဒို-ပစိဖိတ်တွင် ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အဓိကကျသည့် အာဆီယံသည် အာဆီယံ အဖွဲ့တည်ထောင် မှု နှစ် ၆၀ ပြည့် နှစ်ပတ်လည်ဖြစ်သည့် ၂၀၂၇ ခုနှစ်သည် လျင်မြန်စွာ ချဉ်းကပ်လာနေပါသည်။
အာဆီယံ နှစ် ၆၀ ပြည့် နှစ်ပတ်လည်သည် အရှေ့တောင်အာရှအတွက် ဂျပန်၏မူဘောင်သုံးချက်( ဖူကူဒါအယူဝါဒ) ကြေညာသည့် နှစ် ၅၀ ပြည့်နှစ်ပတ်လည်နှင့်လည်း တိုက်ဆိုင်နေပါသည်။
ကမ္ဘာ့စီးပွားရေး မသေချာမှု မြင့်တက်လာသည့်အနေအထားတွင် ကျင်းပသည့် အေပက်စီးပွားရေးခေါင်းဆောင်များ၏ အစည်းအဝေး၌ လူတိုင်းက စီးပွားရေးတိုးတက်မှုနှင့် ကြွယ်ဝမှုတို့၏ အကျိုးအမြတ်များကို ခံစားရနိုင်သော ဒေသ ဖြစ်လာစေရမည်ဟု ယုံကြည်လျက် တရုတ်ကသဘာပတိအဖြစ် ဆောင်ရွက်သော ဆွေးနွေးပွဲများတွင် ကျွန်မပါဝင်ရန် မျှော်လင့်ထားပါသည်။ ဂျပန်က ၂၀၃၁ အေပင်အစည်းအဝေးကို ဘဘာပတိအဖြစ်ဆောင်ရွက်ပါမည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးကတည်းက ဂျပန်နိုင်ငံသည် ငြိမ်းချမ်းရေးကို မြတ်နိုးသော နိုင်ငံတစ်နိုင်ငံ၏ လမ်းကြောင်းအတိုင်း အစဉ်တစိုက် လျှောက်လှမ်းခဲ့ပါသည်။ ဤသဘောထားသည် ပြောင်းလဲသွားမည်မဟုတ်ပါ။
ယခုနှစ်ကုန်တွင် ဂျပန်သည် အမျိုးသားလုံခြုံရေးမဟာဗျူဟာအပါအဝင် Three Strategic Documents ကို ပြန်လည် ဆန်းစစ်ရန် စီစဉ်ထားသည်။ ဂျပန်သည် မဟာမိတ်များ၊ ဆန္ဒတူနိုင်ငံများအပါအဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကြွယ်ဝရေးတို့အတွက် ဆက်လက်ဆောင်ရွက် သွားပါမည်။
(ယခုစာစုသည် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက Philippine Daily Inquirer အတွက် ရေးသားပေးသော စာစုဖြစ်ပါသည်။ ANN တွင်လည်း ဖော်ပြထားသည်။)
Ref: Philippines Daily Inquirer