Myanmar National Post

မာဝီ (သို့မဟုတ်) လမ်းဘေးခွေးဘဝမှ အကြမ်းဖက်သမား ဖြစ်လာသူ


အခုဆိုရင် မာဝီဆိုတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ KNDF အကြမ်းဖက်အဖွဲ့မှာ စစ်ဦးစီးချုပ်လို့ သတ်မှတ်ခံရသည်အထိ အပြစ်မဲ့ ပြည်သူတွေအပေါ် ယုတ်မာရိုင်းစိုင်းရာမှာ လက်သံပြောင်လာတာနဲ့အမျှ လမ်းဘေးခွေးတစ်ကောင်ဟာ အကြမ်းဖက်အဖွဲ့ထဲမှာ အမြင့်ဆုံးအဆင့်ထိ ရောက်လာနိုင်တယ်ဆိုတာကို သက်သေခံနေပါတယ်။ မာဝီ ဆိုတဲ့ လူရမ်းကားကို လမ်းဘေးခွေးလို့ ဘာကြောင့်ခေါ်ရတာလဲ။

သူ့ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဆိုင်ပါတယ်။ မာဝီ ဆိုတဲ့ လူရမ်းကားဟာ မိသားစုထဲမှာ ဘာမှ သုံးစားမရတဲ့ အချောင်နေအချောင်စား၊ စာလည်း မတတ်ဘူး။ အလုပ်လည်း ကောင်းကောင်းမလုပ်ဘူး။ စာရိတ္တမကောင်းလို့ လူ့အဖွဲ့အစည်းက ဖယ်ကျဉ်ထားသူဖြစ်ပါတယ်။ ဒါကြောင့် ဒီကောင်ဟာ မဲလိမ်မဲခိုးမှုကျူးလွန်ပြီး အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီကနေ NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပြီး PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းချိန်မှာတော့ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေတာနဲ့ PDF ထဲ ရောက်လာခဲ့ပါတယ်။ ဒါကြောင့် မာဝီဟာ လမ်းဘေးခွေးဘဝ ကနေ အကြမ်းဖက်သမားဖြစ်လာသူလို့ ဆိုရခြင်းဖြစ်ပါတယ်။

ယခုလူမှုကွန်ရက်မှာ လမ်းဘေးခွေး မာဝီ ပြောတဲ့ ရုပ်သံအပိုင်းအစတစ်ခုကို ပြည်ဖျက်မီဒီယာတွေနဲ့ ရခီးမီဒီယာတွေက ပြန်တင်နေတာကို တွေ့ရတယ်။ လမ်းဘေးခွေး မာဝီ က "မြန်မာစစ်တပ်အတွင်းရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းကာ လက်နက်ချမည်လော သို့မဟုတ် ဆက်လက်တိုက်ခိုက်ပြီး စစ်ရေးအရ အရေးယူခံရမည်လောဆိုသည့် ရွေးချယ်စရာနှစ်ခုသာ ရှိတော့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုတိယစစ်ဦးစီးချုပ် မာဝီက သတိပေးပြောကြားလိုက်တယ်" လို့ ရေးသားဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

သူတို့ရဲ့ ရေးသားဖြန့်ဝေပုံက လမ်းဘေးခွေးကို စစ်ဦးစီးချုပ်လို့ ဝိသေသပြုပြီး ရေးသားထားတော့ ရယ်ချင်မိတယ်။ ပြည်ဖျက်မီဒီယာတွေနဲ့ ရခီးမီဒီယာတွေရဲ့ အားကိုးရာဟာ သူယုတ်မာတွေ ဖြစ်နေပြီလား။ လမ်းဘေးခွေး မာဝီ က “စစ်အုပ်စုကို လမ်းနှစ်လမ်းပေးလိုက်တယ်။ ချေမှုန်းခံမလား၊ လူထုနဲ့ ပူးပေါင်းပြီး လက်နက်ချမလား။ နောက်တစ်လှိုင်း ထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင်တော့ ရယ်ဒီ (အဆင်သင့်) လုပ်ထားလိုက်ပါ” လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။


ဆိုတော့ KNDF ဆိုတာ ကယားပြည်နယ်အတွင်းမှာ အခြေပြုလှုပ်ရှားတဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်းမှာ KNDF/ KNPP အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေက အဆိုးဆုံးအခြေအနေဖြစ်ခဲ့ပါတယ်။ အဲဒီ ငမိုက်သားတွေနဲ့အတူ အမေရိကန်က ကြေးစားအကြမ်းဖက်သမား၊ ယူကရိန်းက အကြမ်းဖက်သမားတွေ ဟာ နီပိန်း ငမိုက်သားတွေကို အကြမ်းဖက်သင်တန်းပေးသွားတယ်။ ဒရုန်းတွေ သွင်းပေးသွားတယ်။ ဒါတွေကိုလည်း အားလုံး သိမြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား အကြမ်းဖက်သမားနဲ့ ယူကရိန်း က အကြမ်းဖက်သမားတွေ အိန္ဒိယထောက်လှမ်းရေးက ဖမ်းဆီးရမိ တရားစွဲဆိုထားပြီးမှ အိန္ဒိယနဲ့ မသက်ဆိုင်လို့ လွှတ်ပေးလိုက်ပါတယ်။ အဲဒီကောင်တွေဟာ အိန္ဒိယကနေ မြန်မာပြည်အတွင်းကို တရားမဝင် ခိုးဝင်ပြီး နီပိန်း အကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်သင်တန်းပေးသလို ပါဝင်တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ အိန္ဒိယထောက်လှမ်းရေးရဲ့ စစ်ဆေးချက်တွေအရ လွိုင်ကော်မှာ ခရီးသည်လေယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အထဲ ယူကရိန်းက အကြမ်းဖက်သမားတွေနဲ့ KNDF ပူးပေါင်းလုပ်ခဲ့တာလည်း ပေါ်ပေါက်ပါတယ်။

ကယားပြည်နယ်ထဲ အကြမ်းဖက်လှုပ်ရှားမှု အဆိုးဆုံးအခြေအနေဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ တပ်မတော်က စစ်ကြောင်းထိုး ရှင်းလင်းခဲ့သလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို စိမ့်ဝင်တဲ့ အကြမ်းဖက်သမားတွေကိုလည်း PNA က နှိမ်နင်းခဲ့ပါတယ်။ ပအိုဝ်းဒေသထဲကို ဝင်ရောက်နိုင်ခဲ့တာကတော့ ပအိုဝ်းထဲက သစ္စာဖောက်တွေက KNDF ကို သွားခေါ်လာခဲ့ခြင်းကြောင့် ပအိုဝ်းဒေသမှာပါ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့ရတာပါ။ ပင်လောင်းမြို့နယ်၊ နန့်နိမ်ရွာဟာ KNDF/ PDF အကြမ်းဖက်အဖွဲ့များရဲ့ရက်စက်ယုတ်မာမှုကို အဆိုးဆုံး ခံခဲ့ရတဲ့ ကျေးရွာပါ။ ရွာဦးကျောင်းဆရာတော် အပါအဝင် ရွာသား ၂၂ ဦးကို KNDF/PDF အကြမ်းဖက်အဖွဲ့တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ကြတယ်။ မသေဘဲ လွတ်မြောက်လာသူတွေကို ပအိုဝ်းဆရာတော်တွေက စောင့်ရှောက်ပေးခဲ့ရတယ်။ ပအိုဝ်းပြည်သူအားလုံးက KNDF/PDF အကြမ်းဖက်အဖွဲ့များရဲ့ အောက်တန်းကျ ယုတ်မာရိုင်းစိုင်းမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြပါတယ်။ 

ပြည်ဖျက်မီဒီယာတွေမှာ လမ်းဘေးခွေးတစ်ကောင်ကို အကြမ်းဖက်အဖွဲ့ရဲ့ စစ်ဦးစီးချုပ်လို့ ဝိသေသပြုပြီး ရေးသားနေကြတာကိုတွေ့ရသော တိုင်းဖျက် ပြည်ဖျက် NLD ပါတီရဲ့ အသွင်ပြောင်း ပြည်ပြေး ဝရမ်းပြေး NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့ဟာ လေတစ်လုံးမိုးတစ်လုံး ပြောပြီး လမ်းဘေးခွေးတွေကို နေရာပေးကာ ပြည်ဖျက်နေကြတာပါလားလို့ အံ့သြမိပါတယ်။

တိုင်းဖျက် ပြည်ဖျက် လုပ်ချင်တဲ့ NUG အတွက် မာဝီလို လမ်းဘေးခွေးတစ်ကောင်ဟာ သူရဲကောင်းဖြစ်နေတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ပြီး ဂုဏ်ဆာခဲ့ကြတဲ့ ငမိုက်သားတွေ ပျောက်ချင်းမလှ ပျောက်နေရာနေ အသံထွက်လာတာကလည်း ထူးခြားနေတယ်။ ကယားပြည်နယ်အတွင်း တပ်မတော်က ထိုးစစ်ဆင်လို့ KNDF/PDF ဆိုတာတွေ အသံတိတ်သွားခဲ့ပါတယ်။ ကယားပြည်နယ် ပြန်လည်ထူထောင်ရေးလည်း တစ်စိတ်တစ်ပိုင်းတော့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

လမ်းဘေးခွေး မာဝီ အသံထွက်လာတယ်။ ဒါကို ပြည်ဖျက်မီဒီယာတွေနဲ့ ရခီးမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာတယ်။ ဒါက လုံခြုံရေးအတွက် ပိုမိုသတိထားပြီး ပြတ်သားစွာ ရှင်းလင်းဆောင်ရွက်ဖို့ တပ်မတော်စစ်ကြောင်းများအနေနဲ့လည်း သတိချပ်ရမယ့် ကိစ္စဖြစ်ပါတယ်။

လမ်းဘေးခွေးတွေက အာချောင်ပြီးရင် အများပြည်သူ အတိဒုက္ခရောက်စေမယ့် အလုပ်တွေ လုပ်ဆောင်လာပါလိမ့်မယ်။ အထူးအားဖြင့် မာဝီလို လမ်းဘေးခွေးတွေဟာ အများပြည်သူအပေါ် ရက်စက်ယုတ်မာဖို့ရာ လက်မရွံ့တဲ့ ငမိုက်သားတွေဖြစ်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ ဘယ်နေရာနေ အာချောင်နေတာလဲတော့ မသိရပါဘူး။ မာဝီလို လမ်းဘေးခွေးကို ရှင်းလင်းဆောင်ရွက်တဲ့အခါမှာ အရှင်ဖမ်းမိပြီး အများပြည်သူရှေ့မှောက်မှာ အဆုံးစီရင်ပြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မာဝီ ဆိုတဲ့ လမ်းဘေးခွေးနဲ့ အပေါင်းအပါတွေ သတ်ခဲ့တဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူဟာ ထောင်ဂဏန်းရှိပါတယ်။ ကြိုးစင်ပေါ်ကို ဆယ်ခါပြန် တက်ရမယ့် ငမိုက်သားတွေ ဖြစ်ပါတယ်။ 

ဒေသတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေကြတဲ့ တပ်မတော်အရာရှိများ၊ တပ်မတော်သားများ အားလုံးကို အနူးအညွတ် မေတ္တာရပ်ခံလိုတာက မာဝီ လို လမ်းဘေးခွေးတစ်ကောင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ ကယားပြည်နယ်ထဲကနေ အပြီးတိုင် ခြေမှုန်းသုတ်သင်ပစ်ရမှာ ဖြစ်ပါတယ်။ KNDF ဆိုတာကို ကြူပင်ခုတ် ကြူငုတ်မကျန် အမြစ်ပြတ် ချေမှုန်းသုတ်သင်ပြီး ကယားပြည်နယ်အတွင်းက ပြည်သူတွေ အေးချမ်းစွာ နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုက်ရပါတယ်။

လမ်းဘေးခွေး မာဝီ ရေ၊ အာမချောင်နဲ့နော်။ မင်းကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေနဲ့ ရခီးမီဒီယာတွေက မြှောက်ပေးနေတယ်ဆိုတာ လက်မရွံ့လူသတ်သမား လူရမ်းကားဖြစ်အောင် ပုံသွင်းနေတာ။ အာချောင်ပြီး ဘဂနိဂုံးအဆုံးမလှ ဖြစ်သွားတဲ့ ငမိုက်သားတွေ မင်းလည်း မျက်မြင်ဒိဋ္ဌ တွေ့ခဲ့ရဖူးမှာပါ။ မင်းအလှည့် မကြာတော့ပါဘူး။ လမ်းဘေးခွေး တစ်ကောင်ကို ယမမင်းထံ အရောက် ပို့ဆောင်ပေးကြပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar


မူရင်းသတင်း — Myanmar National Post