MyTech Myanmar

တရုတ် ရဲ့ လျှပ်စစ်လေယာဉ် ပထမဆုံး လူကိုယ်တိုင်မောင်းနှင်တဲ့ စမ်းသပ်ပျံသန်းမှု အောင်မြင်

တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ၁၀ တန်အမျိုးအစား လျှပ်စစ်စီးပွားရေးသုံးလေယာဉ်ဖြစ်တဲ့ CE-25A ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဆန်းတုန်းပြည်နယ်၊ ဘင်းကျိုးမြို့မှာ ပထမဆုံး လူကိုယ်တိုင်မောင်းနှင်တဲ့ စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ကို တရုတ်နိုင်ငံ စီးပွားရေးသုံးလေယာဉ်ကော်ပိုရေးရှင်း (COMAC) က တည်ဆောက်ခဲ့တာဖြစ်ပြီး ခရီးတို လေကြောင်းခရီးစဉ်တွေအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။

 

စမ်းသပ်ပျံသန်းမှုမှာ လေယာဉ်မှူး နှစ်ဦးနဲ့ စမ်းသပ်ပျံသန်းရေး အင်ဂျင်နီယာ တစ်ဦးတို့ လိုက်ပါခဲ့ပါတယ်။ စုစုပေါင်း စမ်းသပ်ချိန် ၅၇ မိနစ်နဲ့ ၄၆ စက္ကန့် ကြာမြင့်ခဲ့ပြီး လေထဲမှာ ၁၆ မိနစ်နဲ့ ၃၈ စက္ကန့်ကြာ ပျံသန်းကာ ခရီးအကွာအဝေး ၆၀ ဒသမ ၄ ကီလိုမီတာကို ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။ လေယာဉ်ရဲ့ စွမ်းဆောင်ရည်တွေဟာ ပုံမှန်အတိုင်းရှိခဲ့ပြီး မျှော်မှန်းထားတဲ့ ရလဒ်တွေအတိုင်း ထွက်ပေါ်ခဲ့တယ်လို့ COMAC က ထုတ်ပြန်ထားပါတယ်။

 

CE-25A ဟာ မြို့တစ်မြို့နဲ့ တစ်မြို့ကြား ခရီးစဉ်တွေမှာ ခရီးသည် ၁၉ ဦး တင်ဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ COMAC ရဲ့ ပထမဆုံး လျှပ်စစ်စီးပွားရေးသုံးလေယာဉ် ဖြစ်ပါတယ်။ အများဆုံး အလေးချိန် ၁၀ တန်အထိ သယ်ဆောင်နိုင်ပြီး တစ်နာရီကို ကီလိုမီတာ ၃၀၀ နှုန်းနဲ့ အမြင့် မီတာ ၂,၄၀၀ ကနေ အကွာအဝေး ကီလိုမီတာ ၄၀၀ အထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်။

 

Ref : global.chinadaily

မူရင်းသတင်း — MyTech Myanmar