
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများ အားလုံး ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၉ ရက်မှစတင်၍ လက်ခံဆောင်ရွက် ပေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ကျောင်းအပ်လက်ခံမှုကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် တက္ကသိုလ်အသီးသီး၌ အဝေးသင် တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။