
သန့်ဇင်(NP News)-နိုဝင်ဘာ ၁၇
လက်ရှိအစိုးရ (၅) နှစ်တာကာလအတွင်း ပညာရေးဘက်ဂျက်ကို (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်က ယနေ့(နိုဝင်ဘာ ၁၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ ရန်ကုန်ပညာရေး တက္ကသိုလ်နှင့်စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ ပညာရေးဘွဲသင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင် ပြောကြား ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံ့အနာဂတ်အတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊ ကျောင်းသား ဗဟိုပြုသင်ကြားရေးနှင့် ခေတ်မီနည်းပညာများ အသုံးချရေး၊ ဆရာ့ကျင့်ဝတ်နှင့် တာဝန်ယူမှုမြှင့်တင်ရေးတိုကို အလေးထား ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ ၉ ဒသမ ၂၂ ရာခိုင်နှုန်း သုံးစွဲရန် စီစဉ်ထားပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းနှင့် အစိုးရ၏ ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
အလားတူ အခြေခံပညာကျောင်းများ စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်ရေး၊ KG+9 မသင်မနေရပညာရေး အကောင်အထည် ဖော်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရေးတိုးချဲ့ရေးတိုကို ဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မက ဆိုသည်။
ဆရာ၊ ဆရာမများအနေဖြင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု စဉ်ဆက်မပြတ်မြှင့်တင်ရေး၊ ကျောင်းသားဗဟိုပြုသင်ကြားရေး၊ ဆရာ့ကျင့် ဝတ်ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများ လိုက်နာရေးဟူသည့် အချက်ငါးချက်ကို အလေးထားဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထိုပြင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တိုကို သင်ကြားရေးတွင် သင့်လျော်စွာအသုံးချပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ကျင့်တရားပြည့်ဝသည့် နိုင်ငံသားကောင်းများအဖြစ် ပြုစုပျိုးထောင်ပေးကြရန်လည်း နိုင်ငံတော်သမ္မတက ဆိုသည်။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးသည် အစိုးရ၊ ဆရာ၊ ဆရာမ၊ မိဘပြည်သူနှင့် လူမှုအဖွဲအစည်းအားလုံး ပူးပေါင်း ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
သင်တန်းဆင်းဆရာ၊ ဆရာမများအနေဖြင့် မိမိတိုတာဝန်ကျရာဒေသများတွင် စေတနာ၊ ဝါသနာ၊ အရည်အချင်းတိုဖြင့် မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်ကို ပုံဖော်ပေးကြရန်လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။