တနိုင်း နိုဝင်ဘာ ၁၇
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲများတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ စာစီစာကုံးပြိုင်ပွဲများနှင့် အင်္ဂလိပ်စကားပြော အပြောစွမ်းရည် ပြိုင်ပွဲများကိုကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မနောမြေ(တနိုင်း)