နေပြည်တော် နိုဝင်ဘာ ၁၇
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ဆရာ ဆရာမများသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက် (နေပြည်တော်)၊ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာဖူးမြော်ကြသည်။
ဦးစွာ ဆရာ ဆရာမများသည် အမျိုးသားပြတိုက် (နေပြည်တော်) ၌ ခင်းကျင်းပြသထားသည့် မြန်မာ့ကျောက်ခေတ်ယဉ်ကျေးမှု၊ မြန်မာနိုင်ငံကျောက်ခေတ်သစ်ယဉ်ကျေးမှု၊ အညာသားယဉ်ကျေးမှု ထွန်းကားရာ ဒေသများ၊ နံရံဆေးရေးပန်းချီများ၊ မြန်မာ့တူရိယာများ သမိုင်းအကျဉ်း၊ ခေတ်အဆက်ဆက်ရုပ်သေးများ၊ တိုင်းရင်းသားရိုးရာတူရိယာများ၊ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) ၌ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် ပြင်ပတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်သင်္ဘောများ၊ လေယာဉ်များ၊ စစ်လက်နက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။
ညနေပိုင်းတွင် ဆရာ ဆရာမများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကာ ဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်