မော်လမြိုင် နိုဝင်ဘာ ၁၇
မွန်ပြည်နယ်တွင် ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပေါင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဇင်းကျိုက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းစာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ပညာပေးပြခန်းများ၊ ပြပွဲ၊ ပြိုင်ပွဲ နှင့် ပျော်ပွဲရွှင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆုရရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်း ရတနာမွန်ခန်းမ၌ ဆက်လက်ကျင်းပရာ ဇင်းကျိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မာရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၅၀ ပေးအပ်ပြီး အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပထမအကြိမ်အဖြစ် ချောင်းဆုံမြို့နယ်၊ ဒုတိယအကြိမ်အဖြစ် မုဒုံမြို့နယ်၊ ယခုတတိယ အကြိမ်အဖြစ် ပေါင်မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ် အနေဖြင့် မော်လမြိုင်မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)