ပင်လောင်း နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မက္ကဒေးမီးယား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ (နေပြည်တော်) ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မက္ကဒေးမီးယား စိုက်ပျိုးခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသားစိုက်ပျိုးရေးတောင်သူ ၃၆ ဦး တက်ရောက်ပြီး သင်တန်းတွင် နည်းပြဆရာများက မက္ကဒေးမီးယား မျိုးရွေးချယ်ခြင်းနှင့် စိုက်ပျိုးမှုနည်းစနစ်များ၊ မြေအမျိုးအစားနှင့် ရာသီဥတု ရွေးချယ်စိုက်ပျိုးခြင်း၊ အသီးအထွက်တိုးရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အသီးကောက်ယူစုဆောင်းခြင်းလုပ်ငန်းများနှင့် ထိန်းသိမ်းပြုစုနည်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)