Myanmar Digital News

ဖျာပုံမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီ၊ ဘဲဥများ သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေး

ဖျာပုံ နိုဝင်ဘာ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီ၊ ဘဲဥများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နိုဝင်ဘာ ၁၅ ရက်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးသည်။

 

အဆိုပါခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဘဲဥများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ ခရိုင်/မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်စားသုံးရန် လိုအပ်သော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဘဲဥများကို ပြင်ပဈေးကွက်ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News