တောင်ကြီး နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် ဂုဏ်ဆောင်တောင်ကြီး တန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၂၅ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပွဲတော်ကာလအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများ ရာခိုင်နှုန်းပြည့်နီးပါး ခရီးသွားများဖြင့် ပြည့်နေကြောင်း တောင်ကြီးမြို့ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်လာရောက်သည့် ခရီးသွားများ တည်းခိုမှုအနေဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် တောင်ကြီးမြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ၆၈ ဒသမ ၉၉ ရာခိုင်နှုန်း၊ ညောင်ရွှေမြို့၌ ၈ ဒသမ ၈၇ ရာခိုင်နှုန်းနှင့် ကလောမြို့၌ ၃၂ ဒသမ ၆၀ ရာခိုင်နှုန်း တည်းခိုမှုရှိကြောင်း၊ ပွဲတော်ဖွင့်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာ ၁၆ ရက်တွင် ညောင်ရွှေမြို့၌ ၁၉ ဒသမ ၃၃ ရာခိုင်နှုန်း၊ ကလောမြို့၌ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ အောင်ပန်း/ ဟဲဟိုး မြို့၌ ၄၀ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် တောင်ကြီးမြို့၌ ၉၈ ဒသမ ၉၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
“ဒီနှစ်တန်ဆောင်တိုင်ပွဲတော် မကျင်းပမီကတည်းက ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းတွေ ကြိုတင်မှာယူထားကြတယ်။ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ၁၀၀ ရာခိုင်နှုန်းနီးပါး ပြည့်နေတာကို တွေ့ရပါတယ်။ တခြားနေရာတွေ နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ခရီးသွားတွေ အပြည့်ပါပဲ။ နောင်နှစ် ပွဲတော်ကာလမှာလည်း အခုလိုပဲ လာရောက်အားပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်” ဟု တောင်ကြီးမြို့ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းဇော်က ပြောသည်။
ရှမ်းပြည်နယ်၏ တန်ဆောင်တိုင်ပွဲတော်သည် ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုနှင့် ကြည့်ရှုအားပေးမှု အများဆုံး ပွဲတော်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်းရှိ တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ အင်းလေးကန်၊ ပင်းတယမြို့၊ ကလောမြို့နှင့် ရွာငံမြို့တို့တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာယဉ်ကျေးမှုများ၊ လက်မှုပစ္စည်းများ၊ ဒေသထွက်ကုန်များ ပေါများမှုတို့ကြောင့် နှစ်စဉ် ခရီးသွားမပြတ် ဝင်ရောက်လျက်ရှိသည်။
ရှမ်းပြည်နယ်တွင် ဟိုတယ် ၃၃၆ လုံး၊ တည်းခိုခန်း ၁၂၇ လုံး စုစုပေါင်း ၄၆၃ လုံးဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်