
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF အဖွဲ့ဝင် (၂၀၀) နီးပါး ထပ်မံအလင်းဝင်ရောက်လာကြောင်း လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးထံ မှ သိရသည်။
PDF အဖွဲ့ဝင် အမျိုးသား (၁၇၆) ဦးနှင့် အမျိုးသမီး (၁၉) ဦး စုစုပေါင်း (၁၉၅) ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကြိုဆိုလက်ခံခြင်းကို ယနေ့ (နိုဝင်ဘာ ၁၈ရက်) တွင် မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ၎င်းတို့နှင့်အတူပါလာသော မောင်းပြန်သေနတ် (၁၅) လက်၊ ပစ္စတို (၂) လက်၊ လက်လုပ်သေနတ် (၂) လက်၊ လက်ပစ်ဗုံး (၃၅) လုံး၊ စကားပြောစက် (၃) လုံး၊ ကျည်ကာအင်္ကျီ (၁) ထည်နှင့် မှန်ပြောင်း (၁) ခုတို့ကို တာဝန်ရှိသူထံ အပ်နှံခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းဝင်ရောက်လာသူများကို ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၀) ရက်က TNLA နှင့် ပူးပေါင်းခဲ့ဖူးသည့် မိုးကုတ်ဒေသခံ လီဆူတိုင်းရင်းသား အမျိုးသား (၁၇၈) ဦး နှင့် အမျိုးသမီး (၂၂) ဦး စုစုပေါင်း (၂၀၀) ဦး တပ်မတော်ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် မေလမှ ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်လာသူဦးရေမှာ (၃၀၀၀) ကျော်ရှိပြီဖြစ်သည်။

