NP News

အမေရိကန်၏ မဟာဗျူဟာသစ်ကြောင့် မြန်မာနိုင်ငံကို ဘယ်လိုအကျိုးသက်ရောက်မှုမျိုးဖြစ်စေနိုင်သလဲ

အောင်နိုင်သူ(ဇွဲကပင်) (NP News) - နိုဝင်ဘာလ ၁၈

ကမ္ဘာ့နိုင်ငံရေးတွင် အင်အားကြီးနိုင်ငံများ၏ မူဝါဒအပြောင်းအလဲများနှင့် မဟာဗျူဟာမြောက် ပြင်ဆင်ချက်များသည် ဒေသတွင်းနိုင်ငံများအပေါ် ကြီးမားသောရိုက်ခတ်မှုများကို ဖြစ်ပေါ်စေတတ်ပါသည်။
အမေရိကန်နိုင်ငံ၏ အသစ်ပေါ်ပေါက်လာသော အင်ဒို-ပစိဖိတ်ဒေသ ပထဝီမဟာဗျူဟာတည်ဆောက်မှု (Geostrategic Construct)ပုံစံသည် ဒေသတွင်းဖြစ်ပေါ်နေသောအပြောင်းအလဲများတွင် အရှိန်ရနေသည့်အရွေ့တစ်ခုဖြစ်ပြီး ယခင်က လူသိ များကျော်ကြားခဲ့သော အာရှ-ပစိဖိတ်ဆိုင်ရာမူ ဘောင်(Asia Pacific Framework)ကို အစားထိုး နေရာယူမည့်အစီအစဉ်သစ်တစ်ခု၏ ကနဦးခြေလှမ်းလည်းဖြစ်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများသည် ကနဦး ကြိုတင်အစီအမံများရှိသော်လည်း အင်ဒို-ပစိဖိတ်ဒေသအတွင်း ပကတိအခြေအနေမှန်ကို သဘောပေါက်လာခဲ့ပြီးနောက် အာဆီယံ၏ ထိတွေ့ ဆက်ဆံမှုဆိုင်ရာလမ်းòန်မူဘောင်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးနိုင်မည့်အဆိုပါအစီအစဉ်ကို တ ဖြည်းဖြည်း လက်ခံယုံကြည်လာကြသည်။
အင်ဒို-ပစိဖိတ်မဟာဗျူဟာ၌ ရှင်းရှင်း လင်းလင်းဖော်ထုတ်ထားသည့် "တရုတ်နိုင်ငံ၏ ဩ ဇာလွှမ်းမိုးမှုကိုတန်ပြန်နိုင်ရေး"ဆိုသည်မှာ အမေရိ ကန်နိုင်ငံ၏အကျိုးစီးပွားဖြစ်သည်ဟု နိုင်ငံရေးကိုစိတ် ဝင်စားသူများက ရှုမြင်သုံးသပ်လာကြသည်။ ထိုမဟာ ဗျူဟာရည်မှန်းချက် အောင်မြင်စေရန်အတွက် အမေ ရိကန်သည် တရုတ်နိုင်ငံကိုတန်ပြန်ရန် ကြိုးပမ်းလျက် ရှိရာ တရုတ်၏အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံသည် လည်း ပထဝီနိုင်ငံရေးအရ စစ်ရေးနှင့်နိုင်ငံရေး ရိုက် ခတ်မှုများကို ကြားခံ(Proxy)သဖွယ် ကြုံတွေ့လာ တတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်။

အာရှ-ပစိဖိတ်ဒေသတွင် အင်အားကြီး ထွားလာသည့် တရုတ်နိုင်ငံ၏ဩဇာကိုထိန်းချုပ်ရန် အတွက် အမေရိကန်ဦးဆောင်၍ ဒေသတွင်း အင် အားပြိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းလာကြသည်။ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင် သည့် Quad (လေးနိုင်ငံလုံခြုံရေးဆွေးနွေးပွဲ)၊ ဩ စတြေးလျ၊ ဗြိတိန်နှင့်အမေရိကန်တို့ပါဝင်သော AUKUS (သုံးနိုင်ငံလုံခြုံရေးမိတ်ဖက်)နှင့် အင်ဒို-ပစိဖိတ်ချမ်းသာကြွယ်ဝရေးစီးပွားရေးမူဘောင် (IPEF) တို့သည် အမေရိကန်၏ အဓိက လှုပ်ရှားမှု များဖြစ်ကြသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ သည် ၎င်း၏မဟာမိတ်များနှင့် ဆက်ဆံရေးမြှင့်တင် ခြင်း၊ စစ်အင်အားနှင့်စစ်ရေးကျွမ်းကျင်မှုတိုးတက်စေ ရေးမဟာဗျူဟာများကို ဆက်တိုက် ချမှတ်ဆောင်ရွက် လာခဲ့သည်။ တရုတ်၏လှုပ်ရှားမှုအများစုသည် သ ဘောထားကွဲလွဲမှုရှိနေသော တောင်တရုတ်ပင်လယ် နှင့် ထိုင်ဝမ်ရေလက်ကြားတို့ကိုဗဟိုပြုနေသဖြင့် မြန် မာနိုင်ငံသို့ရိုက်ခတ်မှုမှာ အဆိုပါဒေသများ၏နောက် မှသာ ရိုက်ခတ်လာနိုင်သည်ဟုလည်းသုံးသပ်ကြသူများရှိပါသည်။ သို့သော် အမေရိကန်နိုင်ငံ၏ မြန်မာ့ အရေးအပေါ် လျင်လျင်မြန်မြန် မူဝါဒပြောင်းလဲလာမှုများကြောင့် တရုတ်နိုင်ငံသည် ယခင်ထက် မြန်မာ့အ ရေးကို ပိုမိုစိတ်ဝင်စားလာခဲ့သဖြင့် အမေရိကန်-တရုတ်အားပြိုင်မှုအကြား မြန်မာနိုင်ငံအား စိန်ခေါ်မှုနှင့် အခွင့်အလမ်းသက်ရောက်မှုများ ရှိလာနိုင်ပါသည်။

အထူးသဖြင့် ယခုအခါ အမေရိကန်သမ္မတ ထရမ့်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ် (2026 Integrated Country Strategy-Burma ထွက်ပေါ်လာခြင်းက မြန်မာ့အခင်းအကျင်းအပေါ် ကြီးမားစွာ သက်ရောက်လာနိုင်ပါသည်။ ယခင် ဒီမို ကရက်တစ်အစိုးရများလက်ထက်ကကဲ့သို့ "ဒီမိုကရေ စီရေးနှင့်လူ့အခွင့်အရေး"ကိုသာ ဦးစားပေးအဖြစ်ရှေ့ တန်းမတင်တော့ဘဲ အမေရိကန်၏ အမျိုးသားအကျိုး စီးပွားကိုရှေ့တန်းတင်သည့် "America First" မူဝါ ဒအပေါ်အခြေခံထားသော လက်တွေ့ဆန်သည့် (Pragmatic)ချဉ်းကပ်မှုမျိုး ပြောင်းလဲလာခြင်း ကြောင့်ဖြစ်ပါသည်။
အောက်တိုဘာလ (၁၆)ရက်က အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော မဟာဗျူဟာသစ်တွင် အဓိကမဏ္ဍိုင်(၄)ချက်ပါဝင်ရာ -
၁။ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုများမှ ကာကွယ် ရေး(Protect U.S. Homeland)။ မြန်မာနိုင်ငံအ တွင်းအခြေစိုက်သည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(Online Scam)များ၊ လူကုန်ကူးမှုများနှင့် မူးယစ် ဆေးဝါးရောင်းဝယ်မှုကွန်ရက်များကို တိုက်ဖျက်ရန် နှင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနက် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများကိုလျှော့ချရန် နှင့် ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ်များတွင် ပူး ပေါင်းဆောင်ရွက်ရန်။
၂။ ကုန်သွယ်ရေးလိုငွေပြမှုကိုဖြေရှင်းရေး (Addr­ess the Trade Deficit)။ အမေရိကန်ပို့ကုန်များ နှင့်စိုက်ပျိုးရေးထုတ်ကုန်များကို မြန်မာဈေးကွက်အ တွင်း ပိုမိုတင်ပို့နိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ အခွင့်အ လမ်းများရှာဖွေရေးကို ဦးတည်ရန်။
၃။ အများပါဝင်နိုင်သော ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရေး (Advance an Inclusive Peace Agenda)။ (၂၀၃၀) ပြည့်နှစ်မတိုင်မီ တိုက်ပွဲများရပ် တန့်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသဘော တူညီချက်များရရှိရေးနှင့် အတိုက်အခံအဖွဲ့အစည်း များအကြား စည်းလုံးညီညွတ်ရေးအတွက် သံတ မန်ရေးအရ ကြားဝင်ဆောင်ရွက်ပေးရန်။
၄။ ဒေသတွင်း လွှမ်းမိုးမှုတိုးမြှင့်ရေး(Expand Regional Influence)။ မြန်မာနိုင်ငံဆိုင်ရာ သံတ မန်ရေး ထိတွေ့ဆက်ဆံမှုများကိုတိုးမြှင့်ခြင်းဖြင့် ဒေ သတွင်း အခြားအင်အားကြီးနိုင်ငံများ(အထူးသဖြင့် တရုတ်နိုင်ငံ)၏လွှမ်းမိုးမှုကိုထိန်းညှိနိုင်သည့် မဟာ ဗျူဟာမြောက်မိတ်ဖက်အဖြစ် ရပ်တည်ရန်။
အမေရိကန်၏ မဟာဗျူဟာသစ်သည် ယခင်ကကဲ့သို့ အနုတ်သဘောဆောင်သည့် ဆန့် ကျင်ဘက်အသွင်ဆက်ဆံရေးမှ အပြုသဘောဆောင် သည့် နှစ်နိုင်ငံအကျိုးစီးပွားဆီသို့ ဦးတည်လာသည် ဟုဆိုနိုင်ပြီး၊ ဆန့်ကျင်ဘက်အုပ်စုများကိုသာ ဆက် ဆံခဲ့သည့်မူဝါဒအစား အစိုးရချင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံသည့်(G to G)ဆက်ဆံရေးဖြင့် အစားထိုး လာမည့်သဘောကိုလည်း တွေ့မြင်ရပါသည်။

အဆိုပါ မဟာဗျူဟာပြောင်းလဲမှုများသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းအချို့ သယ်ဆောင် လာနိုင်သကဲ့သို့ စိန်ခေါ်မှုအသစ်များကိုပါ ယူဆောင် လာနိုင်ပေသည်-
(က) အပြုသဘောဆောင်သည့် အခွင့်အလမ်းများ
(၁) နယ်စပ်ဒေသ ရာဇဝတ်မှုများ ပြိုကွဲလာနိုင်ခြင်း။ ကရင်ပြည်နယ် (မြဝတီ၊ ရွှေကုက္ကိုလ်)နှင့် ရှမ်းပြည် နယ်အပါအဝင် နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ် လည်မှု(Online Scam)နှင့် ကာစီနိုလုပ်ငန်းများသည် အမေရိကန်၏ တိုက်ရိုက် သို့မဟုတ် ပူးပေါင်းဖိအား ပေးမှုကြောင့် ရန်ပုံငွေဆိုင်ရာပိတ်ဆို့မှုများနှင့် နှိမ်နင်း မှုများပိုမိုပြင်းထန်လာနိုင်ပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးရေးအတွက် အားသာချက်ဖြစ်လာနိုင်သည်။
(၂) လက်တွေ့ဆန်သော သံတမန်ရေးရာညှိနှိုင်းမှု များ။ ဒီမိုကရေစီရေး သဘောတရားသက်သက် မဟုတ်ဘဲ (၂၀၃၀)အမီ တိုက်ပွဲများရပ်တန့်ရေးကို ခြေလှမ်းလှမ်းလာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေ သည့်ဒေသများတွင် အပစ်အခတ်ရပ်စဲရေးနှင့် လူ သားချင်းစာနာမှုအကူအညီများရရှိရေးအတွက် လမ်း စများ ပွင့်လာနိုင်ခြေရှိသည်။
(၃) နိုင်ငံတကာသံတမန်ဆက်ဆံရေးမျက်နှာပွင့်လာ ခြင်း။ အမေရိကန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့်အပြင် အနောက်ကမ္ဘာကို ဦးဆောင်နေခြင်း ကြောင့် အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေလာမှု နှင့် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာနိုင်သည်။ ထိုသို့ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်လာခြင်းနှင့်အတူ
ပြည်ပ ရင်းနှီးမြှုပ်နှံမှု (FDI)ကဏ္ဍ မြင့်တက်လာနိုင် သည်။
(၄) နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများ ပြန်လည်မြင့်တက်လာနိုင်ခြင်း။ အမေရိကန်ဦးဆောင် သည့်နိုင်ငံများနှင့် ဆက်ဆံရေးအဆင်ပြေမှုကြောင့် အမေရိကန်နိုင်ငံ၏မဟာမိတ်များက နိုင်ငံတကာအ လယ်တွင် မြန်မာ့အရေးကို အလေးထားဆက်ဆံလာ ခြင်းဖြင့် မြန်မာ့ပုံရိပ်မြင့်တက်လာနိုင်သည်။
(၅) မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာနိုင်ခြင်း။ အမေရိကန်နိုင်ငံ၏ အကူအညီပေး လာမှုကြောင့် နိုင်ငံတွင်းရှိ ဆန့်ကျင်ဘက်အင်အားစု များ၏အခန်းကဏ္ဍ မှေးမှိန်လာမှုနှင့်အတူ နိုင်ငံရေး တည်ငြိမ်လာနိုင်သဖြင့် နိုင်ငံတကာရင်းနှီးမှုများ ဝင်ရောက်လာပြီး စီးပွားရေးအခွင့်အလမ်းများ တိုးပွား လာနိုင်သည်။
(ခ) စိုးရိမ်ဖွယ်ရာစိန်ခေါ်မှုများနှင့် ပထဝီနိုင်ငံရေး လွန်ဆွဲမှုနှင့် မြန်မာ့မြေပေါ်မှ Proxy အန္တရာယ် တရုတ်(တိုင်ပေ)
မြန်မာနိုင်ငံသည် တရုတ်နှင့်အမေရိကန် ကြား ပထဝီဝင်နိုင်ငံရေးအားပြိုင်မှု၏ ကြားခံနယ်မြေ တစ်ခု အသွင်ဆောင်လာနေပါသည်။ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၆)ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လာအို၊ ထိုင်း၊ မြန်မာတို့နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ပြည်ပ စွက်ဖက်မှုများကိုဆန့်ကျင်ကြောင်း သတိပေးပြော ကြားခဲ့သည်။ မြန်မာ့ပြည်တွင်းရေးသည် ဒေသတွင်း မဟုတ်သည့် ပြည်ပနိုင်ငံများ၏လွှမ်းမိုးမှု ကင်းစင် သင့်သည်ဟု ဝမ်ယိက အလေးအနက်ဆိုခဲ့သည်။ အ မေရိကန်က အတိုက်အခံအင်အားစုများနှင့် ထိ တွေ့ဆက်ဆံမှု တိုးမြှင့်လာသည့်အချိန်တွင် တရုတ် က ယခုကဲ့သို့ စိုးရိမ်မကင်းဖြစ်လာခြင်းလည်းဖြစ် ပါသည်။
အမေရိကန် အမျိုးသားစစ်ရေးကောလိပ် ပါမောက္ခ ဇာခါရီ အဘူဇာကလည်း မြန်မာ့အရေးတွင် အမေရိကန်ပါဝင်လာမည်ကို တရုတ်က မလိုလား ကြောင်းနှင့် အမေရိကန်နှင့် ညှိနှိုင်းဆောင်ရွက်လိုစိတ် မရှိကြောင်း သုံးသပ်ထားဖူးပါသည်။ တရုတ်-မြန်မာ ဆက်ဆံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက လည်း မြန်မာ့အရေးတွင် အမေရိကန်၏ ပါဝင်ပတ် သက်မှုများကို တရုတ်က အလွန်စိုးရိမ်ကြောင်း ထောက်ပြထားပါသည်။ အမေရိကန်၏ စစ်ပွဲဆင်နွှဲမှု ပုံသဏ္ဌာန်သုံးမျိုးဖြစ်သော (၁)သမားရိုးကျစစ်ပွဲ (Classic War)၊ (၂) စီအိုင်အေ၏ လျှို့ဝှက်စစ်ပွဲ (Secret War) နှင့် (၃) ကိုယ်စားကြားခံစစ် စစ်ပွဲ (Proxy War) တို့အနက် မြန်မာနိုင်ငံတွင် Proxy War သဘောတရားများ သက်ရောက်လာနိုင်သည်
ကို သတိပြုရပါမည်။ အမေရိကန်သည် Burma Act နှင့် NDAA (အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ)တို့ကိုအသုံးပြု၍ K3C (KNU, KIO,KIA, KNPP, CNF) နှင့်NUG, CRPH, PDF စသည့်အဖွဲ့အစည်းများကို နည်းပညာနှင့်သေနတ်မဟုတ်သည့်အကူအညီများပေးအပ်ကာ တရုတ် ၏ BRI နှင့် CMEC ကဲ့သို့သော အခြေခံအဆောက် အအုံစီမံကိန်းများ လျင်မြန်စွာမပေါ်ပေါက်ရေး လူ့အ ခွင့်အရေးနှင့် ဒီမိုကရေစီလက်နက်များကို အသုံးပြု လာနိုင်သည်။ တစ်ဖက်တွင်လည်း အမေရိကန်ကို တန်ပြန်ရန်အတွက် တရုတ်-မြန်မာနယ်စပ် လက် နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် (UWSA, NDAA, MNDAA )တို့၏ တန်ပြန်လှုပ်ရှားမှုများကို သတိကြီးကြီးထားရန်လိုအပ်ပါသည်။သာမာန်အား ဖြင့် တရုတ်နိုင်ငံနယ်စပ်နှင့် နီးကပ်စွာ နေထိုင်လှုပ်ရှား လျက်ရှိသည့် အဆိုပါလက်နက်ကိုင်အဖွဲ့များသည် တရုတ်နှင့်မြန်မာဆက်ဆံရေး အတိမ်အနက်ကိုကြည့် ပြီး ၎င်းတို့အကျိုးစီးပွားအတွက် နှစ်ဖက်ခွစား၊ ကစား နေကြသူများဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုး စီးပွားထိခိုက်အောင် လုပ်ဆောင်လာနိုင်ပါသည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့များကြောင့်လည်း မြန်မာ့ မြေသည် အင်အားကြီးနှစ်နိုင်ငံ၏အားပြိုင်ရာ နိုင်ငံ ရေး၊ စစ်ရေးကစားကွင်းမှသည် ကစားပွဲဖြစ်သွားနိုင် သည်ကို ပိုမို အလေးထားသတိပြုကြရမည်ဖြစ်ပါ သည်။
(ဂ) မြန်မာ-တရုတ်-အမေရိကန် သုံးပွင့်ဆိုင် ဆက် ဆံရေးအလားအလာ
အမေရိကန်က မြန်မာနိုင်ငံတွင် ခြေကုပ် ယူရန်ကြိုးပမ်းလာပါက ဖြစ်ပေါ်လာနိုင်သည့် သုံးပွင့် ဆိုင်ဆက်ဆံရေးမှာ -
(၁) တိုက်ရိုက်ပဋိပက္ခ မဖြစ်နိုင်သော်လည်း အခြား ကဏ္ဍများတွင် ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ခြင်း။ မြန်မာနိုင်ငံသည် ကာလရှည်ကြာစွာ အနောက်အုပ်စု ၏ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး၊ နယ်စပ်ကုန်သွယ် ရေးနှင့် စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတို့ တွင် တရုတ်နိုင်ငံအပေါ် မှီခိုနေရဆဲဖြစ်ပါသည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏ "တရုတ်-မြန်မာ စီး ပွားရေးစင်္ကြံ(CMEC)"နှင့်"ကျောက်ဖြူရေနက်ဆိပ် ကမ်း"ကဲ့သို့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် မဟာဗျူ ဟာများအရ မြန်မာနိုင်ငံကို လုံးဝလက်လွှတ်မည် မဟုတ်ပေ။
အမေရိကန်ကလည်း မြန်မာ့အရေးထက် ပိုမိုအလေးထားရမည့် အီရန်နျူကလီးယားပြဿနာ၊ အရှေ့အလယ်ပိုင်းပြဿနာ၊ ရုရှား-ယူကရိန်းပြဿ နာနှင့် တရုတ်(တိုင်ပေ)ပြဿနာတို့ကြောင့် မြန်မာ့အ ရေးကို ထင်သလောက်အာရုံစူးစိုက်နိုင်ဖွယ်မရှိသေး သလို တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမှုမျိုးကို ပါး နပ်စွာရှောင်ရှားနိုင်ပါသည်။ သို့ဖြစ်ရာ နှစ်နိုင်ငံအကြား တိုက်ရိုက်ရန်ဘက်ပြုသည့်ပဋိပက္ခမျိုးဖြစ်လာရန် မရှိ သလောက် နည်းပါးနိုင်ပါသည်။
(၂) သံတမန်ရေးနှင့် စီးပွားရေးအရတင်းမာမှုများ။ သို့သော် အမေရိကန်က မြန်မာနိုင်ငံတွင် သံတမန်ရေး အရခြေကုပ်ယူပြီး တရုတ်၏လွှမ်းမိုးမှုကိုထိန်းညှိရန် ကြိုးပမ်းလာပါက တရုတ်နိုင်ငံဘက်မှ ၎င်း၏ အ နောက်ဘက်တံခါးလုံခြုံရေးအတွက် ပိုမိုစိုးရိမ်လာ မည် ဖြစ်ပါသည်။ ထိုအခါ တရုတ်၏အကျိုးစီးပွားကို ကာကွယ်ရန် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မြန်မာ့ နိုင်ငံရေးအပေါ် တရုတ်၏ဖိအားပေးမှုများနှင့် စောင့် ကြည့်မှုများသည် ယခင်ကထက်ပိုမိုတင်းကြပ်လာနိုင် ပါသည်။
အချုပ်ဆိုရလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံများနှင့်ယှဉ်လျှင် နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ် သော်လည်း တရုတ်နှင့်အိန္ဒိယကဲ့သို့သော အာရှနိုင်ငံ ကြီးနှစ်ခုအကြား ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျ ကျတည်ရှိနေပါသည်။ လွတ်လပ်ရေးရရှိခဲ့သည့်ကာ လမှစ၍ မြန်မာနိုင်ငံသည် လွတ်လပ်ပြီးတက်ြွကသော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးခဲ့ကာ ကမ္ဘာ့နိုင်ငံများနှင့် "ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ"ဟူသောမူကို စွဲကိုင် ၍ မိတ်ဝတ်မပျက်ဆက်ဆံခဲ့ပါသည်။ ထို့ကြောင့် လည်း မိမိတို့နိုင်ငံနှင့်ပြည်သူလူထုအရေးကိုရှေးရှုပြီး အမေရိကန်နှင့်တရုတ်တို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီး နှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံ၍ နိုင်ငံတကာအလယ် မှာ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်သွားမည်သာဖြစ်ပါ သည်။ သို့ဖြစ်ရာ ထရမ့်အစိုးရ၏မဟာဗျူဟာသစ် သည် မြန်မာ့ပဋိပက္ခများကို အပြည့်အဝဖြေရှင်းပေး နိုင်မည်မဟုတ်သော်လည်း နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ထူထောင်နေသော မြန်မာနိုင်ငံအတွက် အ ထောက်အကူတော့ ဖြစ်စေမည်ဖြစ်ပါသည်။
အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသည့် Pragmatic (လက်တွေ့ဆန်သော) ပေါ်လစီတစ်ရပ်ဖြစ်ခြင်းကြောင့် နှစ်နိုင်ငံအကျိုးစီး ပွားကို အထောက်အကူဖြစ်စေမည်လည်း ဖြစ်ပါ သည်။ မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနှစ်နိုင်ငံ၏ ပြိုင်ဆိုင်မှုအောက်တွင် ရောက်ရှိနေသော်လည်း နယ်စပ်ဒေသပစ်ခတ်မှု ရပ်တန့်ရေးနှင့် နယ်စပ် ရာဇဝတ်မှုများနှိမ်နင်းရေး စသည့် အမေရိကန်၏ လက်တွေ့ကျသောမူဝါဒများမှတစ်ဆင့် ရရှိလာမည့် အခွင့်အလမ်းအချို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းလာနိုင်ပါသည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ ပထဝီနိုင်ငံရေး အချက်အလက်များနှင့် အချုပ်အခြာအာဏာဆိုင်ရာ ချိန်ခွင်လျှာကို သတိကြီးစွာထိန်းညှိ၍ အာဆီယံအပါ အဝင် မိတ်ဖက်နိုင်ငံများနှင့် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သုံးသပ်အကြံပြု လိုက်ရပါသည်။

မူရင်းသတင်း — NP News