Xinhua Myanmar

“ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေး အတွေးအခေါ်ဆိုင်ရာ CPC ကေဒါအရာရှိများ ဖတ်ရှုလေ့လာရန် လမ်းညွှန်” စာအုပ် ပုံနှိပ်ထုတ်ဝေ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျုံးဆန်းမြို့သို့ သွားရောက်၍ ဆန်းကျန့်-ကျုံးဆန်းလမ်းကြောင်းရှိ ကျွန်းတုတစ်ခုသို့ သွားရောက်ကြည့်ရှုစစ်ဆေးနေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ တရားဥပဒေနှင့်အညီ နိုင်ငံအား ဘက်စုံစီမံခန့်ခွဲရေးကော်မရှင်ရုံးမှ စီစဉ်ရေးသားထားသည့်  “ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေး အတွေးအခေါ်ဆိုင်ရာ CPC ကေဒါအရာရှိများ ဖတ်ရှုလေ့လာရန် လမ်းညွှန်” စာအုပ် (အတိုကောက်-ဖတ်ရှုလေ့လာရန်လမ်းညွှန်စာအုပ်) အား မကြာသေးမီက ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးဌာန နှင့် ဥပဒေရေးရာပုံနှိပ်ထုတ်ဝေရေးဌာန တို့ ပူးပေါင်းထုတ်ဝေခဲ့ပြီး နိုင်ငံတစ်ဝန်း ဖြန့်ချိလျက်ရှိသည်။

အဆိုပါ ဖတ်ရှုလေ့လာရန်လမ်းညွှန်စာအုပ်ကို နိဒါန်းနှင့် အဓိက စာကိုယ် အခန်း ၁၂ ခန်းဖြင့် ဖွဲ့စည်းထားပြီး ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေး အတွေးအခေါ်ပါ “စွဲကိုင်ကျင့်သုံးရမည့် အချက် ၁၂ ချက်” ၏ အဓိက အနှစ်သာရကို အခြေခံ မူဘောင်လမ်းကြောင်းအဖြစ် ထားရှိသည်။ ပါတီဝင် ကေဒါအရာရှိများအနေဖြင့် ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေး အတွေးအခေါ်ကို လေ့လာအကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ငြိမ်းချမ်းအေးချမ်းသော တရုတ်နိုင်ငံ တည်ဆောက်ရေးကို တွန်းအားပေးရာတွင်လည်းကောင်း အာရုံစိုက် ဂရုပြုကြသည့် အရေးကြီးသော အကြောင်းအရာများကို ဗဟိုပြု၍ ခေတ်သစ်ကာလ ဥပဒေပြုရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ဥပဒေလိုက်နာရေးနှင့် ပြည်ပနှင့်စပ်လျဉ်းသောတရားဥပဒေစိုးမိုးရေး စသည့် နယ်ပယ်များမှ အရေးပါသော တိုးတက်မှုများ၊ ကြီးမားသော အောင်မြင်မှုများကို အနှစ်ချုပ် ဖော်ပြထားသည့်အပြင် ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေး အတွေးအခေါ်၏ ကြီးမားသော အနက်အဓိပ္ပာယ်၊ ပင်မအနှစ်သာရ၊ စိတ်ဓာတ်ရေးရာအနှစ်ချုပ်နှင့် လက်တွေ့ကျင့်သုံးမှုတောင်းဆိုချက်များ စသည်တို့ကို ရှင်းလင်းဖွင့်ဆိုထားသည်။

ဖတ်ရှုလေ့လာရန်လမ်းညွှန်စာအုပ် ထုတ်ဝေလိုက်ခြင်းသည် ကျယ်ပြန့်သော ပါတီဝင် ကေဒါအရာရှိများအနေဖြင့် ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေး အတွေးအခေါ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာသင်ယူရန်၊ ဤအရေးပါသော အတွေးအခေါ်ဖြင့် အတွေးအမြင်များကို လက်တွေ့ကျကျထားရှိရန်၊ လက်တွေ့လုပ်ငန်းများကို လမ်းညွှန်ရန်နှင့် လုပ်ငန်းဆောင်တာများကို တွန်းအားပေးရန် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပြီး ပိုမိုပြည့်စုံကောင်းမွန်သော တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒ တရားဥပဒေစိုးမိုးရေးစနစ် တည်ဆောက်ရေးနှင့် ပိုမို အဆင့်မြင့်မားသည့် ဆိုရှယ်လစ်ဝါဒ တရားဥပဒေစိုးမိုးရေး နိုင်ငံတော် တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်သွားရန် အထောက်အကူပြုစေမည် ဖြစ်သည်။ (Xinhua)

-------------------------

(Chinese Version)

《习近平法治思想干部读本》出版发行

新华社北京11月17日电 中央全面依法治国委员会办公室组织编写的《习近平法治思想干部读本》(以下简称《读本》)一书,近日由人民出版社、法律出版社联合出版,在全国发行。

《读本》由绪论和正文12章组成,以习近平法治思想“十二个坚持”的核心要义为框架主线,围绕党员干部在学习贯彻习近平法治思想、推进平安中国建设中关心关注的热点难点问题,总结了新时代立法、执法、司法、守法、涉外法治等领域的重要进展、重大成就,对习近平法治思想的重大意义、核心要义、精神实质、实践要求等进行了阐释。

《读本》的出版,有利于广大党员干部深入学习习近平法治思想,切实用这一重要思想武装头脑、指导实践、推动工作,努力建设更加完善的中国特色社会主义法治体系、建设更高水平的社会主义法治国家。(完)

图说:11月16日,中共中央总书记、国家主席、中央军委主席习近平在广东省中山市考察。这是习近平在深中通道西人工岛考察。新华社记者  谢环驰 摄

မူရင်းသတင်း — Xinhua Myanmar