မကွေး နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှု၊ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မကွေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီတို့၏ ပူးပေါင်းကူညီမှုတို့ဖြင့် မြန်မာနိုင်ငံ အခြေခံပညာကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် “PUBG Mobile MAGWAY Junior’s Cup 2026” Esports ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကြည့်ရှုအားပေး
ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ Champion ဆုရရှိသည့် မြို့သစ်မြို့နယ် ကိုယ်စားပြုအသင်း၊ ဒုတိယဆုရရှိသည့် သရက်မြို့နယ် ကိုယ်စားပြုအသင်း၊ တတိယဆုရရှိသည့် အောင်လံမြို့နယ် ကိုယ်စားပြုအသင်းတို့ကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)