NP News

အကျင့်ပျက်ခြစားမှုဆိုင်ရာစွပ်စွဲမှုတွေရှိလာပြီးနောက် မွန်ဂိုလီးယားသမ္မတက ရာထူးကနေ နှုတ်ထွက်ကြောင်းကြေညာ

Pika (NP News) - နိုဝင်ဘာ ၁၈

မွန်ဂိုလီးယားသမ္မတနဲ့ထိပ်တန်းအရာရှိတွေက အကျင့်ပျက်ခြစားမှုတွေရှိနေတယ်လို့ အတိုက်အခံပါတီကစွပ်စွဲပြောဆိုခဲ့ပြီးနောက် မွန်ဂိုလီးယားသမ္မတ Khurelsukh Ukhnaa က ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်တယ်လို့ သိရပါတယ်။

မွန်ဂိုလီးယားနိုင်ငံ အတိုက်အခံဒီမိုကရက်တစ်ပါတီက အာဏာရမွန်ဂိုလီးယားပြည်သူ့ပါတီခေါင်းဆောင်တွေကို အကျင့်ပျခြစားမှုတွေ၊ ကိုယ်ကျိုးရှာအပေါင်းအသင်းကောင်းစားရေးဝါဒတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
Khurelsukh Ukhnaa က "အမှတ်တရားပေါ်ပေါက်လာစေဖို့အတွက် ကျွန်တော့်အနေနဲ့ ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့ ဒီမိုကရက်တစ်ပါတီက ပြောဆိုထားပါတယ်။ အဲဒါကို ကျွန်တော်သဘောတူပါတယ်။ ဒါကြောင့်မလို့ သမ္မတအဖြစ် ထမ်းဆောင်နေတဲ့တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားပါမယ်။ ကျွန်တော့်အနေနဲ့စစ်ဆေးမှုတွေကိုလည်း ခံယူသွားမှာဖြစ်ပြီး ဂုဏ်သိက္ခာကိုလည်း ပြန်လည်အဖတ်ဆယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

(၂၀၂၁)ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ Khurelsukh Ukhnaa က ၎င်းအပေါ်စွပ်စွဲချက်တွေက သမ္မတကိုဂုဏ်သိက္ခာကျဆင်းစေဖို့၊ စော်ကားဖို့ ရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း စုံစမ်းစစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သွားမယ်လို့လည်း ကတိပြုပြောဆိုခဲ့ပါတယ်။
မွန်ဂိုလီးယားဥပဒေအရ သမ္မတရဲ့နှုတ်ထွက်စာကို နိုင်ငံရဲ့တစ်ရပ်တည်းသောလွှတ်တော်ဖြစ်တဲ့ အမတ်(၁၂၆)ဦးပါဝင်တဲ့ State Great Khural လွှတ်တော်က အတည်ပြုပေးဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News