
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ တတိယညဖြစ်သော ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၁၀ လုံး လွှတ်တင်ယှဉ်ပြိုင်သွားရန် ရှိနေကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော Shan Yoma ဘိလပ်မြေ၊ ဆောင်းခ၊ ဌာနဆိုင်ရာ ပေါင်းစုံ၊ မှိုင်းတံ၊ Lucky (Car Show Room) နှင့် ရွှေနတ်စောင်းမီးပုံးပျံအဖွဲ့များအပြင် စိန်နားပန် မီးပုံးပျံများဖြစ်သော Shan Yoma ဘိလပ်မြေ၊ လင်းယုန်၊ ရွှေခဲ၊ ပြုံးပျော် မီးပုံးပျံအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် လွတ်တင်သွားမည်ဖြစ်ကာ ရာသီဥတုနှင့် အခြေအနေပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် ယနေ့ နေ့လယ်ပိုင်းတွင် နေ့လွှတ် ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုမီးပုံးပျံပြိုင်ပွဲဝင်အဖွဲ့များလည်း လွှတ်တင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် အစီအစဉ်တွင် ပါဝင်သော်လည်း မလွှတ်တင်ဖြစ်သည့် ပွဲစားငယ် ညမီးကြီးမီးပုံးပျံကို နိုဝင်ဘာ ၂၀ ရက်၊ ညပိုင်းတွင် လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မီးပုံးပျံဒိုင်အဖွဲ့ ထံက သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။