ကွာလာလမ်ပူ နိုဝင်ဘာ ၁၇
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်း ခိုင်မာစေရန်ရည်ရွယ်ကာ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁၆ ရက်နှောင်းပိုင်းတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။
ပြင်သစ်သမ္မတ မက်ခရွန်သည် မလေးရှား-ပြင်သစ်ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ မြှင့်တင်ရေးနှင့်ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်နှင့် အရေးပါသော နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း မက်ခရွန်မရောက်ရှိမီ ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
ထို့အပြင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အရေးပါသော တွင်းထွက်သယံဇာတများ၊ စွမ်းအင်အသွင်ကူးပြောင်းရေး၊ ကာကွယ်ရေးနှင့် ပညာရေးအပါအဝင် အဓိကနယ်ပယ်ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်ရေးအားကောင်းလာစေရန် မူဘောင်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းအပြင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
ဆင်ဟွာ