Xinhua Myanmar

APEC အတွက် အဖြေမှာ လက်တွေ့လုပ်ဆောင်ချက်၌ တည်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ရှန်းမိဟူလမ်းမ၌ APEC အစည်းအဝေး အထိမ်းအမှတ် နောက်ခံအပြင်အဆင်တစ်ခုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

APEC ထိပ်သီးအစည်းအဝေးကို နောက်ဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် ၁၂ နှစ်အကြာတွင် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရေးဟူသော ရေရှည်မျှော်မှန်းချက်ကို ခိုင်မာသော လက်တွေ့လုပ်ဆောင်ချက်အဖြစ် အကောင်အထည်ဖော်ရန် ရှင်းလင်းတိကျသည့် ရည်မှန်းချက်ဖြင့် ဦးဆောင်မှုအခန်းကဏ္ဍကို တစ်ဖန်ပြန်လည် ရယူလိုက်ပြီဖြစ်သည်။

ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အားကောင်းလာခြင်းနှင့် ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် စိန်ခေါ်မှုများ တိုးလာခြင်းတို့နှင့်အတူ ထိုရည်မှန်းချက်မှာလည်း ပိုမိုအရေးကြီးလာခဲ့သည်။ ထိုသို့သော အခြေအနေများအကြား တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၌ အဖွဲ့ဝင် ၂၁ ခုတို့ စုစည်းတွေ့ဆုံကာ ဘုံစိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် ဘုံသာယာဝပြောရေးလမ်းကြောင်း ဖော်ဆောင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။ ယင်းအစည်းအဝေးသည် ကမ္ဘာ့စီးပွားရေးအတွက် အရေးတကြီးလိုအပ်နေသော သေချာရေရာမှုနှင့် ယုံကြည်မှုတို့ကို ဖြည့်တင်းပေးနိုင်မည့် အခွင့်အလမ်းတစ်ခုကိုလည်း ဖန်တီးပေးမည်ဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသသည် ဆယ်စုနှစ်များစွာတိုင်အောင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်ဆောင်ရွက်မှု တိုးချဲ့ခြင်းဖြင့် ကမ္ဘာကြီး၏ အတက်ကြွဆုံးစီးပွားရေးတိုးတက်မှု မောင်းနှင်အားတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ လက်ရှိတွင် APEC အဖွဲ့ဝင် ၂၁ ခုသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့် မှီတင်းနေထိုင်ရာ ဒေသဖြစ်သကဲ့သို့ ကမ္ဘာ့ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့ကုန်သွယ်မှုအရပ်ရပ်၏ ထက်ဝက်နီးပါးရှိရာ ကမ္ဘာ့စီးပွားရေးတွင် ယင်းဒေသ၏ အချက်အချာကျသော အခန်းကဏ္ဍကို ထင်ထင်ရှားရှား ပြသလျက်ရှိသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261117/069ac0f4c12c4573b18dc57af77a7e14/c.html

..................................

(English Version)

Xinhua Commentary: For APEC, the answer lies in action

SHENZHEN, Nov. 17 (Xinhua) -- Twelve years after last hosting APEC, China is once again taking the helm, with a clear mission to turn the long-standing vision of an Asia-Pacific community into concrete action.

That mission has become more pressing as geopolitical tensions mount, protectionism surges, and global economic cooperation faces growing headwinds. Against this backdrop, the 33rd APEC Economic Leaders' Meeting, scheduled for Nov. 18-19 in the southern Chinese city of Shenzhen, will bring together the 21 member economies to address common challenges, deepen regional cooperation and chart a path toward prospering together. It offers an opportunity to inject much-needed certainty and confidence into the global economy.

For decades, the Asia-Pacific has been one of the world's most dynamic engines of growth, fueled by expanding trade, investment, industrial cooperation and cross-border connectivity. Today, the 21 APEC member economies are home to about 40 percent of the world's population, and account for more than 60 percent of global GDP and nearly half of global trade, underscoring the region's central role in the global economy.

https://english.news.cn/20261117/069ac0f4c12c4573b18dc57af77a7e14/c.html

Photo caption: An APEC-themed installation is seen on Xiangmihu road in Shenzhen, south China's Guangdong Province, Nov. 15, 2026. (Xinhua/Deng Hua)

မူရင်းသတင်း — Xinhua Myanmar