ဂျီနီဗာ နိုဝင်ဘာ ၁၇
အလိုအလျောက် ပစ်မှတ်ရှာဖွေတိုက်ခိုက်နိုင်သည့် လူသတ်စက်ရုပ်လက်နက်များ (Killer Robots) အသုံးပြုမှုကို ထိန်းချုပ်ရန် နိုင်ငံတကာစည်းမျဉ်းများ ချမှတ်နိုင်ရေးအတွက် သံတမန်များ ဂျီနီဗာမြို့တွင် ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသည် ကုလသမဂ္ဂ၏ သမားရိုးကျလက်နက်အချို့ဆိုင်ရာ သဘောတူစာချုပ်ကို ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်သည့် ညီလာခံဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဂျပန်အပါအဝင် နိုင်ငံများပါဝင်ကြသည်။ ဆွေးနွေးပွဲ၏ အဓိကအစီအစဉ်တစ်ခုမှာ လူသား၏ တိုက်ရိုက်ထိန်းချုပ်မှုမပါဘဲ ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ကာ တိုက်ခိုက်နိုင်သည့် သေစေနိုင်သော အလိုအလျောက်စစ်လက်နက်များကို မည်သို့ထိန်းချုပ်မည့်ကိစ္စဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာစည်းမျဉ်းသစ်များချမှတ်ရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် တိုက်တွန်းခဲ့သည်။
လူသတ်စက်ရုပ်လက်နက်များကို ဆန့်ကျင်လှုပ်ရှားနေသည့် Stop Killer Robots အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ နီကိုးလ်ဗန်ရွိုင်ယန်က နည်းပညာသည် အလွန်လျင်မြန်စွာတိုးတက်နေပြီး စစ်မြေပြင်အချို့တွင်လည်း အသုံးပြုနေပြီဖြစ်သဖြင့် နိုင်ငံများအနေဖြင့် အရေးတကြီးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ