Myanmar Digital News

အိန္ဒိယနိုင်ငံ၌ ယာဉ်မတော်တဆမှုနှစ်ခု ဖြစ်ပွားသဖြင့်လူ ၁၃ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရရှိ

နိုဝင်ဘာ ၁၈

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသရှိ ဥတ္တာရာခန်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သီးခြားဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုနှစ်ခုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယမန်နေ့က ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။

ဥတ္တာရာခန်းပြည်နယ် ရီရှီကက်ရှ်ဒေသ၌ ပုဂ္ဂလိကခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ယမန်နေ့ နံနက်အစောပိုင်းက အနက်ပေ ၁၂၀ ခန့်ရှိသော ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ လူ ကိုးဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သီးခြားလမ်းမတော်တဆမှုတစ်ခုတွင် နိုဝင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ညပိုင်းက ထိုပြည်နယ်၏ ရူဒရာပရာယဂ်ဒေသရှိ လမ်းဘေးရှိ နက်ရှိုင်းသော ချောက်ထဲသို့ ခရီးသည်များလိုက်ပါလာသောကားတစ်စီး ထိုးကျမှုကြောင့် လေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News