နိုဝင်ဘာ ၁၈
အိန္ဒိယနိုင်ငံ ဒေလီမြို့ ရှာဟ်ဒါရာဒေသတွင် အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုသည် ထိုအဆောက်အအုံတွင် အိမ်ငှားနေထိုင်သူများဖြစ်ကြောင်း နှင့်အဆောက်အအုံပိုင်ရှင်၏ အမည်ကိုလည်း ဖော်ထုတ်သိရှိထားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို