Xinhua Myanmar

သတင်းသုံးသပ်ချက် - "တရုတ်နိုင်ငံ၏ ကြားခံအကာအကွယ်ပေးမှု" က ပြောင်းလဲနေသည့် အာရှ-ပစိဖိတ်ဒေသကို မည်သို့ထိန်းမတ်ပေးသနည်း

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေး တက်ရောက်လာသည့် ဧည့်သည်တော်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

စွမ်းအင်ကဏ္ဍ ဂယက်ရိုက်မှုများ၊ ပြောင်းလဲလာသော ကုန်သွယ်မှုပုံစံများနှင့် ဉာဏ်ရည်တု (AI) နည်းပညာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာမှုတို့က အာရှ-ပစိဖိတ် စီးပွားရေးကို အသွင်သစ်ပြောင်းလဲပေးနေချိန်တွင် ယခုသီတင်းပတ်အတွင်း ကျင်းပမည့် အရေးပါသော APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ယင်းဒေသ၏ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများကို ကြံ့ကြံ့ခံနိုင်စွမ်းမှာ အထူးအလေးထားစရာ ဖြစ်လာခဲ့သည်။

ထိုသို့ပြောင်းလဲနေသော အခင်းအကျင်း၌ တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းအားသာချက်၊ ကြီးမားကျယ်ပြန့်သော စားသုံးသူဈေးကွက်နှင့် ပိုမိုနက်ရှိုင်းသော ဒေသတွင်းဆက်ဆံရေးတို့မှာ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းအတွက် အရေးပါသော အရင်းအမြစ်များအဖြစ် ပေါ်ထွက်လာပြီး ထိုသို့ တည်ငြိမ်အောင် ထိန်းမတ်ပေးသော အခန်းကဏ္ဍကို "တရုတ်နိုင်ငံ၏ ကြားခံအကာအကွယ်ပေးမှု" ဟူ၍ လေ့လာသုံးသပ်သူများက တင်စားခေါ်ဝေါ်ကြသည်။

အဆိုပါ အခန်းကဏ္ဍကို အာရှ-ပစိဖိတ်ဒေသတစ်ဝန်း ထင်ရှားစွာမြင်တွေ့ရပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက ဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့် နည်းပညာစွမ်းပကားကို ပိုမိုအားကောင်းလာစေသကဲ့သို့ ယင်း၏ သန့်ရှင်းစွမ်းအင် တင်ပို့မှုကလည်း စွမ်းအင်ရင်းမြစ်များ ကွဲပြားစုံလင်လာစေရန် အထောက်အကူပြုလျက်ရှိသည့်အပြင် တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်ကလည်း ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261117/49fee114443b49fd82cc413e28dbefa4/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပရာ ချန်ဟိုင် နိုင်ငံတကာကွန်ဗင်းရှင်းစင်တာ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................

(English Version)

News Analysis: How "China Buffer" anchors a changing Asia-Pacific

SHENZHEN, Nov. 17 (Xinhua) -- As energy shocks, shifting trade patterns and an AI-driven technology boom reshape the Asia-Pacific economy, the region's ability to withstand global uncertainties is coming into sharper focus ahead of a key gathering of APEC economic leaders this week.

In this changing landscape, China's industrial strength, vast consumer market and deepening regional ties are emerging as important sources of resilience -- a stabilizing role analysts describe as the "China Buffer."

That role is playing out across the region: Chinese investment is strengthening local manufacturing and technological capabilities; its clean energy exports are helping diversify energy supplies; and China's vast market is opening up new opportunities for regional businesses.

https://english.news.cn/20261117/49fee114443b49fd82cc413e28dbefa4/c.html

Photo caption 1: Guests attend the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province, Nov. 17, 2026. (Xinhua/Qiu Shaoyu)

Photo caption 2: This photo taken on Nov. 18, 2026 shows an exterior view of the Qianhai International Convention Center, the venue for the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)

မူရင်းသတင်း — Xinhua Myanmar