
ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဆန်းကျန့်မြို့ ချန်ဟိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး “ယုံကြည်မှုခိုင်မာ၊ ရဲရင့်စွာ ရှေ့သို့ချီ၊ အာရှ-ပစိဖိတ်၏ တောက်ပသော အနာဂတ်ဆီ အတူဖန်တီးမည်” ဟူသော ခေါင်းစဉ်ဖြင့် အဓိက မိန့်ခွန်း ပြောကြားခဲ့သည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က ယခုအခါ နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးပြောင်းလဲလျက်ရှိပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုမောင်းနှင်အား မလုံလောက်ဘဲ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့မှာလည်း အလွန်အမင်းဆိုးရွားလာကြောင်း ထောက်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ကုန်သွယ်ရေးသည် ရေဆန်တက်ရသည့်အကျပ်အတည်းအခြေအနေများကြားတွင် တိုးတက်မှုကို ထိန်းထားလျက်ရှိပြီး ထွန်းသစ်စနည်းပညာများသည်လည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်အောင်မြင်မှုများ ရရှိကာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းကို နက်နက်ရှိုင်းရှိုင်းသက်ရောက်မှုရှိနေကြောင်း၊ တံခါးဖွင့်လှစ်မည်လော သို့မဟုတ် ပိတ်ပင်မည်လော၊ ပူးပေါင်းဆောင်ရွက်မည်လော သို့မဟုတ် ခွဲထွက်မည်လော၊ ပြုပြင်ပြောင်းလဲမည်လော သို့မဟုတ် အဟောင်းကိုသာ စွဲကိုင်မည်လော ဆိုသည်မှာ မဖြစ်မနေဖြေကြားရမည့် ခေတ်ကာလ၏ ပုစ္ဆာတစ်ပုဒ် ဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။ APEC သည် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု ဒီရေလှိုင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသအနေဖြင့် ခေတ်ကာလ၏ ဦးဆောင်အရှိန်အဟုန်တွင် ရှေ့ဆောင်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် APEC ၏ အိမ်ရှင်နိုင်ငံအဖြစ် တတိယအကြိမ်မြောက် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ရာ ဘက်အသီးသီးနှင့်အတူ ယုံကြည်ချက်ကို ခိုင်မာစေရန်၊ ရဲဝံ့တည်ကြည်စွာ ရှေ့သို့ချီတက်ရန်၊ အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ရန်နှင့် အာရှ-ပစိဖိတ်ဒေသ ဘုံသာယာဝပြောမှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။

ယင်းနှင့်စပ်လျဉ်း၍ ရှီကျင့်ဖိန်က အကြံပြုချက် လေးရပ် အဆိုပြုခဲ့သည်။
ပထမအချက်အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အခင်းအကျင်းကြီးကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ပြင်ပအခြေအနေများ ပိုမိုရှုပ်ထွေးလာလေ စစ်ပြီးခေတ် နိုင်ငံတကာစည်းစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းကာ တန်းတူညီမျှပြီး စနစ်တကျရှိသော ကမ္ဘာ့ဗဟုဝင်ရိုးအသွင်ပြောင်းမှု၊ အားလုံးအကျိုးခံစားခွင့်ရှိပြီး အားလုံးပါဝင်နိုင်သော စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ပိုမိုလက်ကိုင်ထားဆောင်ရွက်ပြီး အာရှ-ပစိဖိတ်ဒေသ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတားကို တည်ဆောက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဗဟိုပြုပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကာ လွတ်လပ်သော၊ တံခါးဖွင့်လှစ်မှုရှိသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ထောက်ခံအားပေး၍ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့စေရန် ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်မှုဇုန် (FTAAP) လုပ်ငန်းစဉ်ကို တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်၍ ဘက်ပေါင်းစုံ အပြန်အလှန် ချိတ်ဆက်မှုကွန်ရက်ကို တည်ဆောက်ပြီး အာရှ-ပစိဖိတ် စီးပွားရေး တစ်သားတည်းပေါင်းစည်းမှု တည်ဆောက်ရေးအတွက် လမ်းခင်းကာ ပေါင်းကူးတံတားထိုးပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှု မောင်းနှင်အားကို လှုံ့ဆော်ပေးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု မိတ်ဖက်ဆက်ဆံရေးကို တက်ကြွစွာ တည်ဆောက်ရမည်ဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဉာဏ်ရည်တုနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်ကာ အစိမ်းရောင် ကာဗွန်လျော့နည်းရေးအသွင်ကူးပြောင်းမှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှု အားသာချက်များကို တိုးတက်မှုမောင်းနှင်အားအဖြစ် အဆက်မပြတ် အသွင်ပြောင်းလဲကာ အာရှ-ပစိဖိတ် စီးပွားရေး တိုးတက်မှုအတွက် အားကောင်းသော မောင်းနှင်အားကို ပံ့ပိုးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအချက်အနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားဖော်ဆောင်မှုလမ်းကြောင်းများကို တိုးချဲ့ရမည်ဖြစ်ကြောင်းလည်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများကို ဖယ်ရှား၍ တံခါးဖွင့်ပုံစံ အာရှ-ပစိဖိတ် စီးပွားရေးကို တည်ဆောက်ရမည့်အပြင် ထိရောက်သည့်စွမ်းဆောင်ရည်နှင့် တရားမျှတမှုကို ဟန်ချက်ညီစေကာ အားလုံးအကျိုးခံစားခွင့်ရှိပြီး မျှတသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြည်သူကို ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို ခိုင်ခိုင်မာမာ စွဲကိုင်ကျင့်သုံးကာ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များအား စီးပွားရေး အစုအဖွဲ့ အသီးသီးနှင့် မတူညီသော အလွှာအသီးသီး၊ လူအုပ်အသီးသီးအား အကျိုးခံစားခွင့်ရရှိစေရမည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသတွင် ကမ္ဘာ့အရေးပါဆုံး ပင်လယ်အော်ဒေသများ စုစည်းတည်ရှိနေရာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ပင်လယ်အော်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းကို ထောက်ခံအားပေးပြီး ပင်လယ်အော်ဒေသ အသီးသီးကြား အပြန်အလှန်ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေလျက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းသစ်များကို ရှာဖွေဖော်ထုတ်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆန်းသစ်မှု၊ အရည်အသွေးပြည့်ဝမှု၊ ကောင်းမွန်မှုဆီသို့ ဖွံ့ဖြိုးတိုးတက်သော အလားအလာကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အားကောင်းသော ကြံ့ကြံ့ခံနိုင်မှုနှင့် တက်ကြွမှုတို့ကို ပြသလျက်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။
ယခုနှစ် ကိုးလတာအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၄.၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး အရည်အသွေးသစ် ကုန်ထုတ်လုပ်မှု စွမ်းအားများသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းသစ်ကို အရှိန်မြှင့် တည်ဆောက်နိုင်ခဲ့သလို အစိမ်းရောင် ကာဗွန်လျှော့ချရေး အသွင်ကူးပြောင်းမှုမှာလည်း အရှိန်အဟုန်ကောင်းကောင်းဖြင့် ခြေလှမ်းမှန်မှန်တိုးတက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” သည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်မျှော်မှန်းချက်အစီအစဉ်ဖြစ်သလို အာရှ-ပစိဖိတ်ဒေသ သာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအတွက်ပါ အခွင့်အလမ်း စာရင်းတစ်ခုကို ပေးစွမ်းလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး အသိုင်းအဝိုင်းထံ တရုတ်နိုင်ငံက ပေးပို့လိုက်သော ပူးပေါင်းဆောင်ရွက်ရေး ဖိတ်ခေါ်မှုလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
- တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှုစီးပွားရေးအသိုင်းအဝိုင်းအတွက် အလွန်ကြီးမားသော တံခါးဖွင့် ဈေးကွက်ကြီးကို ပေးစွမ်းသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ အကြီးဆုံး စားသုံးသူ ဈေးကွက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အလယ်အလတ်အဆင့်ဝင်ငွေရှိသူလူအုပ်စုကို ပိုင်ဆိုင်ထားရာ ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှု အလားအလာ အလွန်ကြီးမားလှသည်။ တရုတ်နိုင်ငံသည် တံခါးဖွင့် ဈေးကွက်ကြီး တည်ဆောက်မှုကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တင်သွင်းမှုကို တိုးချဲ့လျက်ရှိရာ ကဏ္ဍစုံအသွင်စုံ ဝယ်လိုအားသစ်များကို အဆက်မပြတ် ပျိုးထောင်ပေးသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် “တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” စသည့် ဆက်စပ်လှုပ်ရှားမှု အစီအစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်မည့် ထိရောက်မြန်ဆန်သော လမ်းကြောင်းများကို တည်ဆောက်ပေးသွားမည် ဖြစ်သည်။
- တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှုစီးပွားရေး အသိုင်းအဝိုင်းအတွက် အလားအလာ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်ကို ပေးစွမ်းသွားမည် ဖြစ်သည်။ ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်ခြင်း၊ အစိမ်းရောင် အသွင်ကူးပြောင်းခြင်းတို့သည် တရုတ်စီးပွားရေး၏ သော့ချက် စကားလုံးများ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော ဆန်းသစ်တီထွင်မှု စမ်းသပ်ကွင်းကြီးသည် ရှေ့တန်းရောက်နည်းပညာများကို လက်တွေ့ပတ်ဝန်းကျင်အခြေအနေများတွင် စမ်းသပ်ခံနိုင်ပြီး အဆင့်ဆင့် ပြုပြင်မွမ်းမံခြင်းဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ တက်ကြွသော စွမ်းအားများအဖြစ် အဆက်မပြတ် အသွင်ပြောင်းလဲပေးလျက်ရှိသည်။ တရုတ်နိုင်ငံသည် ခေတ်မီစက်မှုလုပ်ငန်းစနစ် တည်ဆောက်မှုကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းဆန်းသစ်တီထွင်မှုတို့ နက်ရှိုင်းစွာပေါင်းစပ်နိုင်ရေးကို တွန်းအားပေးသွားမည် ဖြစ်သည်။ ထို့ပြင် သမားရိုးကျစက်မှုလုပ်ငန်းများ အသွင်ကူးပြောင်း အဆင့်မြှင့်တင်ခြင်း၊ ထွန်းသစ်စစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ကြီးထွားလာခြင်းနှင့် အနာဂတ် စက်မှုလုပ်ငန်းများအတွက် ကြိုတင်မျှော်တွေး စီမံခင်းကျင်းခြင်းတို့ကို ထောက်ခံအားပေးသွားမည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၏ နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ကြီးထွားလာမှုတို့အတွက် အားကောင်းသော မောင်းနှင်အားကို ပေးစွမ်းသွားမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှုစီးပွားရေး အသိုင်းအဝိုင်းအတွက် အပြန်အလှန် အထောက်အကူပြုပြီး အတူတကွ တိုးတက်စေမည့် ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ကို ပေးစွမ်းသွားမည် ဖြစ်သည်။ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့၏ ရိုက်ခတ်မှုများကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အစဉ်အမြဲ လက်တွေ့ကျင့်သုံးလျက်ရှိပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတကာ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုတို့ကို ဖြည့်တင်းပေးလျက်ရှိသည်။ နိုင်ငံတကာ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဘုံအကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လိုသည့် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်မှာ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဘဲ တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမည့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုတည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်သော အရည်အသွေးမြင့် ပတ်ဝန်းကျင်ကို ပေးစွမ်းသွားမည် ဖြစ်သည်။

ထို့ပြင် ရှီကျင့်ဖိန်က အာရှ-ပစိဖိတ်ဒေသသည် မိမိတို့ အတူတကွ ဖွံ့ဖြိုးတိုးတက်ရာ နယ်မြေဖြစ်သကဲ့သို့ ပခုံးချင်းယှဉ်၍ ပူးပေါင်းဆောင်ရွက်ရာ စင်မြင့်ကြီးလည်း ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ် စက်မှုစီးပွားရေး အသိုင်းအဝိုင်းသည် ကမ္ဘာ့စီးပွားရေး၏ ရှေ့ဆောင်လှိုင်းများ ဖြစ်ကြကြောင်း၊ အားလုံးအနေဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှု၊ ခေတ်မီအသွင်တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ဆက်လက်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန်နှင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး အခွင့်အလမ်းများကို အတူတကွ မျှဝေခံစားကြရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ မိမိတို့ အတူတကွ လက်တွဲ၍ တံခါးဖွင့်လှစ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲများကို ဖြေရှင်းကြပါစို့၊ ဆန်းသစ်တီထွင်မှုဖြင့် တိုးတက်မှု အရှိန်အဟုန်ကို စုစည်းကြပါစို့၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အတူတကွ မျှဝေခံစားနိုင်မည့် ကောင်းကျိုးချမ်းသာများကို ရှာဖွေကြပါစို့၊ အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ကာ အာရှ-ပစိဖိတ်၏ တောက်ပသော အနာဂတ်ကို အတူတကွ ဖန်တီးကြပါစို့ ဟု ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ချီလီနိုင်ငံ သမ္မတ ဟိုဆေး အန်တိုနီယို ကတ်စ်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် စသည်တို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ချိုက်ချီ၊ ဝမ်ရိ၊ ဟယ်လိဖုန်း၊ ဟွမ်ခွန်းမင်၊ ဝမ်ရှောင်ဟုန် တို့လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
聚焦APEC|习近平出席亚太经合组织工商领导人峰会开幕式并发表主旨演讲
新华社深圳11月18日电(记者肖文峰、韩洁)11月18日上午,国家主席习近平在深圳前海国际会议中心出席2026年亚太经合组织工商领导人峰会开幕式,并发表题为《坚定信心,勇毅前行 共创亚太光明未来》的主旨演讲。
习近平指出,当前,国际形势变乱交织,世界经济增长动能不足,单边主义、保护主义甚嚣尘上。与此同时,全球贸易在逆势中保持增长,新兴技术加速突破,深刻影响世界发展格局。开放还是封闭,合作还是分化,变革还是守旧,是必须回答的时代课题。亚太经合组织伴随经济全球化浪潮而生,推动亚太地区引领时代风气之先。今年,中国第三次担任亚太经合组织东道主,愿同各方一道,坚定信心、勇毅前行,携手建设亚太共同体,促进亚太共同繁荣。
习近平就此提出4点建议:
一要维护和平稳定大局。越是外部形势复杂,越要坚定维护战后国际秩序,推进平等有序的世界多极化、普惠包容的经济全球化;越要坚持通过对话协商解决分歧,通过团结协作应对挑战,为亚太地区长治久安筑牢根基。
二要搭建开放合作桥梁。坚定维护以世界贸易组织为核心、以规则为基础的多边贸易体制,支持自由开放的贸易和投资,维护全球产业链供应链稳定畅通。稳步推进亚太自由贸易区进程,搭建全方位互联互通网络,为亚太经济一体化建设铺路架桥。
三要激发创新增长动力。积极构建科技创新伙伴关系,深化数字经济、人工智能合作,促进绿色低碳转型,不断将创新优势转化为增长动能,为亚太经济增长提供强劲动力。
四要拓展互利共赢路径。既消除贸易和投资壁垒,建设开放型亚太经济,又推动普惠均衡发展,兼顾效率和公平。坚持以人民为中心的发展理念,让发展成果惠及各经济体和不同的阶层及人群。亚太地区汇集了世界上最重要的湾区,中方支持成立世界湾区经济合作联盟,深化各湾区交流互动,探索亚太经济合作新路径。
习近平指出,中国经济保持向新向优向好发展态势,展现出强大韧性和活力。前三季度,中国经济增速达到4.6%,新质生产力加速发展,新发展格局加快构建,绿色低碳转型蹄疾步稳。中国“十五五”规划既是自身的发展蓝图,也为亚太乃至全球经济增长提供机遇清单,是中国面向全球工商界发出的合作邀约。
——中国将为全球工商界提供超大规模的开放市场。中国是全球第二大消费市场,拥有全球规模最大的中等收入群体,投资和消费潜力巨大。中国正在加快建设开放大市场,扩大优质产品和服务进口,将不断催生多样化新需求。中国将继续举办“出口中国”等系列活动,搭建各国优质商品进入中国市场的高效通道。
——中国将为全球工商界提供前景广阔的发展空间。创新驱动、绿色转型是中国经济的关键词。中国超大规模创新试验场让前沿技术在真实场景中接受检验、迭代打磨,不断转化为高质量发展活力。中国将加快构建现代化产业体系,推动科技创新和产业创新深度融合,支持传统产业转型升级、新兴产业发展壮大、未来产业前瞻布局,为全球企业技术创新和发展壮大提供强劲动能。
——中国将为全球工商界提供互促共进的合作环境。面对单边主义、保护主义冲击,中国始终践行真正的多边主义,为世界经济增长和国际经贸合作注入稳定性和确定性。无论国际风云如何变幻,中国同世界各国合作共赢的决心都不会改变,将为全球企业来华投资兴业提供更稳定、更可预期的优质环境。
习近平强调,亚太是我们共同发展的天地,也是并肩合作的舞台。亚太工商界是全球经济的弄潮儿。欢迎大家继续积极参与中国改革开放和现代化建设,共享中国式现代化机遇。让我们携起手来,以开放纾发展之困,以创新聚增长之势,以合作谋共享之福,建设亚太共同体,共创亚太光明未来!(主旨演讲全文另发)
智利总统卡斯特、马来西亚总理安瓦尔等出席。
蔡奇、王毅、何立峰、黄坤明、王小洪等参加。(完)
图说:11月18日上午,国家主席习近平在深圳前海国际会议中心出席2026年亚太经合组织工商领导人峰会开幕式,并发表题为《坚定信心,勇毅前行 共创亚太光明未来》的主旨演讲。 新华社记者 李涛 摄