NP News

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ဗလီတွင် ဝတ်ပြုပြီးအပြန် ရိုက်နှက်ခံရဟု သတင်းထွက်ပေါ်

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၈

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်သည် ဗလီတွင် ဝတ်ပြုပြီးအပြန် လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရသည့်သတင်းများ ထွက်​ပေါ်လျက်ရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၈ ရက်) မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က ပုဇွန်တောင်မြို့နယ်၊ (၅၄) လမ်း ဗလီရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီအချိန်က ကျွန်တော်လည်း အဲဒီမှာ ခဏရှိနေတာ။ ဗလီရှေ့မှာ ဦးဌေးအောင်တို စကားများနေတာတော့ တွေ့တယ်။ လူ (၂၀) ဝန်းကျင်လောက် ရှိတယ်။ အဲဒီနောက်ပိုင်းတော့ အရိုက်ခံလိုက်ရတာလား မပြောတတ်ဘူးပေါ့” ဟု သိရှိသူတစ်ဦးက NP News သို့ပြောသည်။

ထိုကြောင့် ဦးဌေးအောင်ထံ NP News က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဆေးရုံသို့ရောက်ရှိနေကြောင်း ဆိုသည်။
“အခုက ဆေးရုံမှာပါ။ အကြောင်းစုံကို မနက်ဖြန်မှ ပြည့်ပြည့်စုံစုံပြောပြပါ့မယ်” ဟု ဦးဌေးအောင်က ပြောသည်။

ထွက်ပေါ်နေသည့်သတင်းများအရ ဦးဌေးအောင်အား လူတစ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ရာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မူရင်းသတင်း — NP News