
ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၇ ရက်က စတင်ကျင်းပခဲ့ပြီး ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးရန် အာရှ-ပစိဖိတ်ဒေသနှင့် အခြားသော ကမ္ဘာ့နေရာဒေသများမှ စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ တစ်စုတစ်စည်းတည်း တက်ရောက်ခဲ့ကြသည်။
“ဘုံသာယာဝပြောရေးနှင့် ဘုံအနာဂတ်ကို အတူတကွ ဖော်ဆောင်ကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါ နှစ်ရက်ကြာအစည်းအဝေးသို့ APEC အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့ ၂၁ ခုနှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဆွစ်ဇာလန် အပါအဝင် APEC အဖွဲ့ဝင်မဟုတ်သော စီးပွားရေးအစုအဖွဲ့ ၁၃ ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261117/5e389c3abed64434b7ac373a434a5cc2/c.html



.................................
(English Version)
China Focus: APEC CEO Summit 2026 kicks off in Shenzhen with focus on regional cooperation, future prosperity
SHENZHEN, Nov. 17 (Xinhua) -- The Asia-Pacific Economic Cooperation (APEC) CEO Summit 2026 opened Tuesday in Shenzhen, south China's Guangdong Province, bringing together business and political leaders from across the Asia-Pacific and beyond to discuss regional economic cooperation and future development.
Under the theme "To Prosper and Win the Future Together," the two-day event has attracted more than 2,000 representatives from 21 APEC economies and 13 non-APEC economies, including Britain, France, Germany and Switzerland.
https://english.news.cn/20261117/5e389c3abed64434b7ac373a434a5cc2/c.html
Photo caption 1: The opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 is held in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Xing Guangli)
Photo caption 2: Ren Hongbin, chairman of the China Council for the Promotion of International Trade and chair of the APEC CEO Summit 2026, presides over the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Xing Guangli)