ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရဲချောင်းဝကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်မျိုးစေ့များ၊ သဘာဝမြေသြဇာများ တောင်သူများသို့ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူဦးဝင်းမြင့်၏ လယ်မြေငါးဧက၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က စိုက်ပျိုးသီးနှံများကို မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျစိုက်ပျိုးရေးတို့ကို အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တွံတေးခရိုင်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တောင်သူများသို့ ဆီထွက်သီးနှံမျိုးစေ့၊ ပဲပုပ်မျိုးစေ့နှင့် သာဘာဝမြေသြဇာများကို ပေးအပ်ပြီး ပဲပုပ်စမ်းသပ်စိုက်ပျိုးထားသော စိုက်ခင်း၊ တောင်သူဦးဝင်းမြင့်၏ အောင်နိုင်တိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းမှုတို့ကို ကြည့်ရှုအားပေးခဲ့ရာ စပါးအထွက်နှုန်းအနေဖြင့် အစို ၁၁၇ ဒသမ ၃၉ တင်း၊ အခြောက် ၁၁၄ ဒသမ ၅၄ တင်းထွက်ရှိကြောင်း သိရသည်။
ဝေနိုင်ထွန်း(ပြန်/ဆက်)