လန်ဒန် နိုဝင်ဘာ ၁၈
ဗြိတိန်နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့မှ ကားထုတ်လုပ်ရေးအသင်းများက အီးယူ-ယူကေ ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်နှစ်လျှင် ယူရိုဘီလီယံ ၈၀ တန်ဖိုးရှိသော ကုန်သွယ်ရေး ဆက်ဆံမှုကို ခြိမ်းခြောက်နေသည့် ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။
ဗြိတိန်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ကုန်သည်များအသင်း (SMMT) နှင့် ဥရောပမော်တော်ယာဉ် ထုတ်လုပ်သူများအသင်းတို့က ဥရောပတွင် ထုတ်လုပ်သည်ဟူသော မူဝါဒနှင့် မော်တော်ကားထုတ်လုပ်မှု မူရင်းနိုင်ငံသတ်မှတ်ရေး စည်းမျဉ်းများကို ဖြေရှင်းပေးရန် ပူးတွဲကတိကဝတ်အတွက် တောင်းဆိုခဲ့ကြောင်း SMMT က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပြုထားသည့် အီးယူစက်မှုအရှိန်မြှင့်တင်ရေးဥပဒေသည် ယူကေတွင်ထုတ်လုပ်သည့် မော်တော်ယာဉ်များ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် ဘက်ထရီများကို အီးယူဈေးကွက်အတွင်း ရောင်းချနိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေကြောင်း ဖော်ပြထားသည်။ ထို့ပြင် ဗြိတိန်ထုတ်မော်တော်ယာဉ်များနှင့် ကားအစိတ်အပိုင်းများကို ဥရောပသမဂ္ဂဈေးကွက်မှ ဖယ်ကြဉ်ခြင်းမပြုလုပ်ရန်လည်း အဆိုပါ အသင်းများက ပြောကြားခဲ့သည်။
ဆင်ဟွာ