Myanmar Digital News

ကျုံပျော်မြို့၌ မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ်

ကျုံပျော် နိုဝင်ဘာ ၁၈

 

ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာအရောင်းဆိုင်များမှ တာဝန်ရှိသူများအား မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေ ရှင်းလင်းပွဲအခမ်းအနားကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

ဦးစွာ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက မြေဩဇာများကို သတ်မှတ်ရည်ညွှန်းစျေးဖြင့်သာ ရောင်းချကြရန်၊ မြေဩဇာ၊ မျိုး‌စေ့၊ ပိုးသတ်ဆေးအသစ်များကို တောင်သူများ နားလည်အောင် ရှင်းပြပြီးမှသာ ရောင်းချကြရန် အမှာစကား ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ကျုံပျော်မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က အရောင်းဆိုင် တာဝန်ရှိသူများအနေဖြင့် မြေ၊ မျိုး၊ ပိုး ဥပဒေများကို သေချာစွာ မှတ်သား၍ သိရှိလိုသည်များ မေးမြန်းရန် ပြောကြားပြီး ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချ တာဝန်ခံ ဒေါက်တာခင်လဲ့ဦးက မြေဩဇာဥပဒေ၊ ပိုးမွှားတာဝန်ခံ ဒေါ်သင်းသင်းလှိုင်က ပိုးသတ်ဆေး ဥပဒေနှင့် မျိုးစေ့တာဝန်ခံ ဦးဇော်လင်းမောင်က မျိုးစေ့ဥပဒေများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News