တိုကျို နိုဝင်ဘာ ၁၈
ဂျပန်နိုင်ငံ၏ သင်္ဘောကုမ္ပဏီကြီးဖြစ်သည့် နီပွန်ယူဆန်ကုမ္ပဏီသည် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေနိုင်မည့် နိုင်ငံ၏ပထမဆုံး အမိုးနီးယားလောင်စာသုံး သင်္ဘောကြီးကို ပြသခဲ့သည်။ NYK Line ဟု လူသိများသည့် အဆိုပါကုမ္ပဏီသည် ဂျပန်နိုင်ငံအနောက်ပိုင်း ကူမာမိုတိုခရိုင် သင်္ဘောကျင်းတစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က အခမ်းအနား ကျင်းပခဲ့သည်။
Izanami ဟု အမည်ပေးထားသည့်သင်္ဘောသည် မီတာ ၁၈၀ ရှည်လျားပြီး ၃၂ မီတာ ကျယ်ဝန်းသည်။ အမိုးနီးယားသယ်ယူ ပို့ဆောင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ တည်ဆောက်ခဲ့ပြီး အဆိပ်ပြင်းထန်သော အမိုးနီးယားကို ဘေးကင်းစွာ အသုံးပြုနိုင်ရေး နံရံနှစ်ထပ်ပါ ပိုက်များနှင့် အင်ဂျင်ခန်းတံခါးနှစ်ထပ်ကို တပ်ဆင်ထားသည်။ ထို့ပြင် အင်ဂျင်ခန်းကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်ရန် စီစဉ်ထားသည်။ သင်္ဘောပေါ်တွင် အမိုးနီးယား ယိုစိမ့်မှု ရှိ၊ မရှိ ထောက်လှမ်းရန် အာရုံခံကိရိယာ ၁၀၀ ကျော်ကို တပ်ဆင်ထားကြောင်း ကုမ္ပဏီက ပြောသည်။
အင်န်အိတ်ချ်ကေ