
စော(NP News) - နိုဝင်ဘာလ ၁၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ နယ်ရှိ မြို့သက် (၆၆၂)နှစ် ကြာမြင့်သော အင်းဝမြို့ ဟောင်း ယူနက်စကိုဝင်ပါက ဒေသခံများအတွက် စီးပွားရေး အဆင်ပြေနိုင်ကြောင်း ရှေးဟောင်း သုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ် (ရတနာပူရ)က NP News သို့ပြောသည်။
အင်းဝမြို့ကို ပထမအင်းဝမင်းဆက် သတိုးမင်းဖျားက ခရစ်နှစ် (၁၃၆၄) ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ညောင်ရမ်းမင်းတရားကြီး ၊ ဆင်ဖြူ ရှင်မင်းတရားကြီး၊ ဘကြီးတော် စစ်ကိုင်းမင်းတရားကြီး တို့ကလည်း မင်းနေပြည်တော်အဖြစ် တည်ထောင် ခဲ့ရာ မင်းဆက် (၃၄)ဆက်စိုးစံခဲ့သောမြို့ဖြစ်ကြောင်း သိရသည်။
"ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် နေရာတစ်ခုဖြစ်လာမယ်ဆိုရင်တော့ ကောင်း သောပေါ့။ ပြည်တွင်းခရီးသွားတွေလည်းအများကြီး ထိုး တက်လာမယ်လေ။ ထိန်းသိမ်းစောင့်ရှောက်မှု တွေလည်း ဒီထက်ပိုလုပ်မယ်ဆိုရင် နိုင်ငံခြားဝင်ငွေ တွေလည်းအများကြီးရောက်လာမယ်။ နောက်တစ်ခု က နိုင်ငံခြားဝင်ငွေရလာတာနဲ့အမျှ ဒေသခံတွေရဲ့ စားဝတ်နေရေးတွေလည်း ပြေလည်လာနိုင်တာ ပေါ့လေ။ လက်ဆောင်ပစ္စည်းရောင်းတာတွေ၊ စားသောက်ဆိုင်ဖွင့်တာတွေ ဒါတွေလည်းအဆင်ပြေ လာနိုင်တယ်လေ။ ဒါကြောင့်မို့လို့ အင်းဝက ယူနက်စ ကို ဝင်ရင်တော့အကောင်းဆုံးပေါ့" ဟု ၎င်းကပြောသည်။
အင်းဝမြို့ဟောင်းကို ရတနပူရမြို့၊ အင်းဝ မြို့၊ အဝမြို့၊ အဝါးမြို့၊ ရွှေဝမြို့နှင့် အင်းနဝမြို့ဟူ၍ အမည်ကွဲ (၆)မျိုးရှိပြီး အတွင်းမြို့ရိုး၊ စည်တို ပုံမြို့ ရိုးနှင့် တတိယမြို့ရိုး (အပြင်မြို့ရိုး)ဟူ၍ မြို့ရိုး (၃) ထပ်၊ ကျုံး(၃)ထပ် တည်ရှိကာ မြို့ဟောင်းရာများနှင့် ကျုံးဟောင်းရာများ ထင်ရှားစွာ ကျန်ရှိကြောင်း သိရ သည်။
"အလွန်ထူးခြားတဲ့ပုံစံရှိတယ်။ မော်ယွန်း ချိုး၊ မော်လိုင်းချိုး၊ ခိုးနန်းချိုး အချိုးသုံးချိုးလုံးကို အင်းဝမြို့မှာ တွေ့ရတယ်။ နောက်ပြီးတော့ တခြားမြို့ တွေဆို လေးထောင့်ပုံစံတွေဖြစ်မယ်။ စတုရန်းပုံစံ တွေဖြစ်မယ်။ ဒီအင်းဝကမဟုတ်ဘူး။ စည်တိုပုံမြို့ ရိုးဆိုတဲ့မြို့ရိုးက ဗုံကြီးပေါ့။ ဘေးနှစ်ဖက်က ဆူပြီး တော့ ထိပ်နှစ်ဖက်က ဘင်ညီနေတယ်။ စည်ပုံကြီးနဲ့ တူလို့ စည်တိုပုံမြို့ရိုးလို့ခေါ်တာပေါ့။ အဲဒီမြို့ရိုးပုံစံက အရှေ့တောင်အာရှမှာတောင်မရှိဘူးလို့ ဗိသုကာ ပညာရှင်တွေကပြောတယ် "ဟု ၎င်းကဆက်လက် ပြောသည်။
အဆိုပါအင်းဝမြို့ဟောင်းကို ယူနက်စကို တင်သွင်းရန်အတွက် (၁၉၉၆)ခုနှစ်က ဆောင်ရွက် ခဲ့ရာ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး မကောင်း သည့် အခက်အခဲရှိ၍ မလုပ်ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
" အင်းဝနဲ့ပတ်သက်ပြီးတော့မှ ရှေး ဟောင်းယဉ်ကျေးမှု ဇုန်ထဲမှာရှိတဲ့ အဆောက်အအုံ တွေကို နာမည်စာရင်း ကောက်ယူတာတွေ၊ ထိန်းသိမ်းတာတွေက ပုံမှန်လုပ်နေကျအလုပ်ပါ။ အဲဒီ ယူနက်စကို တင်သွင်းဖို့ကတော့ လောလောဆယ် အစီစဉ်မရှိသေးဘူး။ အရင်တုန်းကတစ်ကြိမ် အဆို ပြုခဲ့တာ ရှိတယ်။ (၁၉၉၆)ခုနှစ်မှာ အဆိုပြုခဲ့တယ်။ အဲဒီနောက်ပိုင်းမှာဆက်ပြီးတော့မှ လောလော ဆယ်လုပ်နိုင်တဲ့အနေအထားတော့ မရှိသေးဘူး။ သို့သော်လည်း တစ်ခါအဆိုပြုထားတာဖြစ်တဲ့ အတွက် ဘာပဲပြောပြော ပြုပြင်ထိန်းသိမ်းတာပဲ ဖြစ်ဖြစ်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က Guideline နဲ့အညီ ဆောင်ရွက်ဖို့ ဒါကိုနည်းနည်း စနစ်တကျထိန်းသိမ်းတဲ့ သဘောပါ"ဟု ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံ (၇၅) ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ထုတ် ပြန်သည့် အချက်အလက်များအရ သိရသည်။
" ပြုပြင်နေဆဲပါတယ်။ တချို့ကျတော့ လည်း နိုင်ငံတော်အစီအစဉ်နဲ့ပြင်တာရှိတယ်။ တချို့ ကျတော့ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ဆောင်ရွက်တာ ရှိတယ်။ ပြုပြင် ထိန်းသိမ်းတာ ရှိတယ်။ ပြုပြင်ပြီးတာ လည်းရှိတယ်။ ပြုပြင်ဆဲလည်းရှိတယ်။ ဒါလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်တဲ့အနေအထား လေးပေါ့။ On Going Process အနေနဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်နေတာလည်းရှိတာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။
UNESCO World Heritage ဆိုင်ရာ ကိစ္စရပ်များတွင် အစိုးရမှ ဆောင်ရွက်ရခြင်းဖြစ်ပြီး UNESCO Intangible Cultural Heritage ဆိုင်ရာကိစ္စရပ်များတွင်မူ သက်ဆိုင်ရာဝန်ကြီးဌာနက Focal ဝန်ကြီးဌာနအဖြစ် တာဝန်ယူကာ လူထုအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ် ကြောင်း သိရသည်။


zawgyi version
သက္တမ္း ႏွစ္ (၆၆၀) ေက်ာ္ ၾကာျမင့္ေသာ အင္းဝၿမိဳ႕ေဟာင္း ယူနက္စကိုဝင္ပါက ေဒသခံမ်ားအတြက္ စီးပြားေရး အဆင္ေျပႏိုင္
ေစာ(NP News) - ႏိုဝင္ဘာလ ၁၉
မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕ နယ္ရွိ ၿမိဳ႕သက္ (၆၆၂)ႏွစ္ ၾကာျမင့္ေသာ အင္းဝၿမိဳ႕ ေဟာင္း ယူနက္စကိုဝင္ပါက ေဒသခံမ်ားအတြက္ စီးပြားေရး အဆင္ေျပႏိုင္ေၾကာင္း ေရွးေဟာင္း သုေတသီ၊ စာေရးဆရာ ဗိုလ္ရွိတ္ (ရတနာပူရ)က NP News သို႔ေျပာသည္။
အင္းဝၿမိဳ႕ကို ပထမအင္းဝမင္းဆက္ သတိုးမင္းဖ်ားက ခရစ္ႏွစ္ (၁၃၆၄) ခုႏွစ္တြင္ စတင္ တည္ေထာင္ခဲ့ၿပီး ေညာင္ရမ္းမင္းတရားႀကီး ၊ ဆင္ျဖဴ ရွင္မင္းတရားႀကီး၊ ဘႀကီးေတာ္ စစ္ကိုင္းမင္းတရားႀကီး တို႔ကလည္း မင္းေနျပည္ေတာ္အျဖစ္ တည္ေထာင္ ခဲ့ရာ မင္းဆက္ (၃၄)ဆက္စိုးစံခဲ့ေသာၿမိဳ႕ျဖစ္ ေၾကာင္း သိရသည္။
"ယူနက္စကို ကမာၻ႔ယဥ္ေက်းမႈအေမြ အႏွစ္ ေနရာတစ္ခုျဖစ္လာမယ္ဆိုရင္ေတာ့ ေကာင္း ေသာေပါ့။ ျပည္တြင္းခရီးသြားေတြလည္းအမ်ားႀကီး ထိုး တက္လာမယ္ေလ။ ထိန္းသိမ္းေစာင့္ေရွာက္မႈ ေတြလည္း ဒီထက္ပိုလုပ္မယ္ဆိုရင္ ႏိုင္ငံျခားဝင္ေငြ ေတြလည္းအမ်ားႀကီးေရာက္လာမယ္။ ေနာက္တစ္ခု က ႏိုင္ငံျခားဝင္ေငြရလာတာနဲ႔အမွ် ေဒသခံေတြရဲ႕ စားဝတ္ေနေရးေတြလည္း ေျပလည္လာႏိုင္တာ ေပါ့ေလ။ လက္ေဆာင္ပစၥည္းေရာင္းတာေတြ၊ စားေသာက္ဆိုင္ဖြင့္တာေတြ ဒါေတြလည္းအဆင္ေျပ လာႏိုင္တယ္ေလ။ ဒါေၾကာင့္မို႔လို႔ အင္းဝက ယူနက္စ ကို ဝင္ရင္ေတာ့အေကာင္းဆုံးေပါ့" ဟု ၎ကေျပာ သည္။
အင္းဝၿမိဳ႕ေဟာင္းကို ရတနပူရၿမိဳ႕၊ အင္းဝ ၿမိဳ႕၊ အဝၿမိဳ႕၊ အဝါးၿမိဳ႕၊ ေ႐ႊဝၿမိဳ႕ႏွင့္ အင္းနဝၿမိဳ႕ဟူ၍ အမည္ကြဲ (၆)မ်ိဳးရွိၿပီး အတြင္းၿမိဳ႕႐ိုး၊ စည္တို ပုံၿမိဳ႕ ႐ိုးႏွင့္ တတိယၿမိဳ႕႐ိုး (အျပင္ၿမိဳ႕႐ိုး)ဟူ၍ ၿမိဳ႕႐ိုး (၃) ထပ္၊ က်ဳံး(၃)ထပ္ တည္ရွိကာ ၿမိဳ႕ေဟာင္းရာမ်ားႏွင့္ က်ဳံးေဟာင္းရာမ်ား ထင္ရွားစြာ က်န္ရွိေၾကာင္း သိရ သည္။
"အလြန္ထူးျခားတဲ့ပုံစံရွိတယ္။ ေမာ္ယြန္း ခ်ိဳး၊ ေမာ္လိုင္းခ်ိဳး၊ ခိုးနန္းခ်ိဳး အခ်ိဳးသုံးခ်ိဳးလုံးကို အင္းဝၿမိဳ႕မွာ ေတြ႕ရတယ္။ ေနာက္ၿပီးေတာ့ တျခားၿမိဳ႕ ေတြဆို ေလးေထာင့္ပုံစံေတြျဖစ္မယ္။ စတုရန္းပုံစံ ေတြျဖစ္မယ္။ ဒီအင္းဝကမဟုတ္ဘူး။ စည္တိုပုံၿမိဳ႕ ႐ိုးဆိုတဲ့ၿမိဳ႕႐ိုးက ဗုံႀကီးေပါ့။ ေဘးႏွစ္ဖက္က ဆူၿပီး ေတာ့ ထိပ္ႏွစ္ဖက္က ဘင္ညီေနတယ္။ စည္ပုံႀကီးနဲ႔ တူလို႔ စည္တိုပုံၿမိဳ႕႐ိုးလို႔ေခၚတာေပါ့။ အဲဒီၿမိဳ႕႐ိုးပုံစံက အေရွ႕ေတာင္အာရွမွာေတာင္မရွိဘူးလို႔ ဗိသုကာ ပညာရွင္ေတြကေျပာတယ္ "ဟု ၎ကဆက္လက္ ေျပာသည္။
အဆိုပါအင္းဝၿမိဳ႕ေဟာင္းကို ယူနက္စကို တင္သြင္းရန္အတြက္ (၁၉၉၆)ခုႏွစ္က ေဆာင္႐ြက္ ခဲ့ရာ ယခုကဲ့သို႔ လမ္းပန္းဆက္သြယ္ေရး မေကာင္း သည့္ အခက္အခဲရွိ၍ မလုပ္ျဖစ္ခဲ့ေၾကာင္း ၎က ဆိုသည္။
" အင္းဝနဲ႔ပတ္သက္ၿပီးေတာ့မွ ေရွး ေဟာင္းယဥ္ေက်းမႈ ဇုန္ထဲမွာရွိတဲ့ အေဆာက္အအုံ ေတြကို နာမည္စာရင္း ေကာက္ယူတာေတြ၊ ထိန္းသိမ္းတာေတြက ပုံမွန္လုပ္ေနက်အလုပ္ပါ။ အဲဒီ ယူနက္စကို တင္သြင္းဖို႔ကေတာ့ ေလာေလာဆယ္ အစီစဥ္မရွိေသးဘူး။ အရင္တုန္းကတစ္ႀကိမ္ အဆို ျပဳခဲ့တာ ရွိတယ္။ (၁၉၉၆)ခုႏွစ္မွာ အဆိုျပဳခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာဆက္ၿပီးေတာ့မွ ေလာေလာ ဆယ္လုပ္ႏိုင္တဲ့အေနအထားေတာ့ မရွိေသးဘူး။ သို႔ေသာ္လည္း တစ္ခါအဆိုျပဳထားတာျဖစ္တဲ့ အတြက္ ဘာပဲေျပာေျပာ ျပဳျပင္ထိန္းသိမ္းတာပဲ ျဖစ္ျဖစ္၊ ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္တာပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က Guideline နဲ႔အညီ ေဆာင္႐ြက္ဖို႔ ဒါကိုနည္းနည္း စနစ္တက်ထိန္းသိမ္းတဲ့ သေဘာပါ"ဟု ယဥ္ေက်းမႈ၊ ဟိုတယ္ႏွင့္ခရီးသြား လာေရးဝန္ႀကီးဌာန ၊ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(မႏၲေလးဌာနခြဲ)မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ အင္းဝ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဇုန္အတြင္းရွိ သမိုင္းဝင္အေမြအႏွစ္ အေဆာက္အအုံ (၇၅) ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနမွ ထုတ္ ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။
" ျပဳျပင္ေနဆဲပါတယ္။ တခ်ိဳ႕က်ေတာ့ လည္း ႏိုင္ငံေတာ္အစီအစဥ္နဲ႔ျပင္တာရွိတယ္။ တခ်ိဳ႕ က်ေတာ့ အလႉရွင္ေတြရဲ႕ လႉဒါန္းမႈနဲ႔ ေဆာင္႐ြက္တာ ရွိတယ္။ ျပဳျပင္ ထိန္းသိမ္းတာ ရွိတယ္။ ျပဳျပင္ၿပီးတာ လည္းရွိတယ္။ ျပဳျပင္ဆဲလည္းရွိတယ္။ ဒါလည္း ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္တဲ့အေနအထား ေလးေပါ့။ On Going Process အေနနဲ႔ စဥ္ဆက္မျပတ္ေဆာင္႐ြက္ေနတာလည္းရွိတာေပါ့"ဟု ၎က ဆက္လက္ေျပာသည္။
UNESCO World Heritage ဆိုင္ရာ ကိစၥရပ္မ်ားတြင္ အစိုးရမွ ေဆာင္႐ြက္ရျခင္းျဖစ္ၿပီး UNESCO Intangible Cultural Heritage ဆိုင္ရာကိစၥရပ္မ်ားတြင္မူ သက္ဆိုင္ရာဝန္ႀကီးဌာနက Focal ဝန္ႀကီးဌာနအျဖစ္ တာဝန္ယူကာ လူထုအဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရျခင္းျဖစ္ ေၾကာင္း သိရသည္။