
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြိုနယ်တွင် ငွေကျပ် (၁ ဒသမ ၅၃) ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့်(နိုဝင်ဘာ ၁၃ ရက်)က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ မြို့မလမ်းတွင် မောင်အေးထွန်း နှင့် ထွန်းချေ(ခ)ဒေါင်းချေ တို့အား HONDA CRV အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် (၁ ဒသမ ၅၃) ဘီလျံရှိသော စိတ်ကြွဆေးပြား (၁,၀၂၀,၀၀၀) ပြား နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဝင်း(ခ)ကျော်ဝင်းချေအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတောရပ်ကွက်၊ ကွက်သစ်လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အသက်(၆၀)နှစ်အရွယ် မောင်အေးထွန်း၊ အသက်(၅၈)နှစ်အရွယ် ထွန်းချေ(ခ) ဒေါင်းချေနှင့် အသက်(၅၅)နှစ်အရွယ် ကျော်ဝင်း(ခ)ကျော်ဝင်းချေတို့အား ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာ ၁၅ ရက်)က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ်တန်ဖိုးသိန်း(၃၆၈၀) ရှိသော မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

zawgyi version
ေဒါပုံတြင္ ေငြက်ပ္ (၁ ဒသမ ၅၃) ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိ
ထိုက္စံ(NP News)-ႏိုဝင္ဘာ ၁၉
ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳနယ္တြင္ ေငြက်ပ္ (၁ ဒသမ ၅၃) ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ၿပီးခဲ့သည့္(ႏိုဝင္ဘာ ၁၃ ရက္)က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ေဒါပုံၿမိဳ႕နယ္၊ သေဘၤာက်င္းရပ္ကြက္၊ ၿမိဳ႕မလမ္းတြင္ ေမာင္ေအးထြန္း ႏွင့္ ထြန္းေခ်(ခ)ေဒါင္းေခ် တို႔အား HONDA CRV အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ႏွင့္အတူ ေတြ႕ရွိသျဖင့္ စစ္ေဆးရွာေဖြခဲ့ရာ ယာဥ္ေပၚမွ ေဒသကာလတန္ဖိုးေငြက်ပ္ (၁ ဒသမ ၅၃) ဘီလ်ံရွိေသာ စိတ္ႂကြေဆးျပား (၁,၀၂၀,၀၀၀) ျပား ႏွင့္ လက္ကိုင္ဖုန္း (၃) လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါစိတ္ႂကြေဆးျပားမ်ား သယ္ေဆာင္ေရာင္းဝယ္ရာ၌ ပူးေပါင္းပါဝင္သူ ေက်ာ္ဝင္း(ခ)ေက်ာ္ဝင္းေခ်အား မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ က်ီေတာရပ္ကြက္၊ ကြက္သစ္လမ္းတြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိခဲ့သည့္ အသက္(၆၀)ႏွစ္အ႐ြယ္ ေမာင္ေအးထြန္း၊ အသက္(၅၈)ႏွစ္အ႐ြယ္ ထြန္းေခ်(ခ) ေဒါင္းေခ်ႏွင့္ အသက္(၅၅)ႏွစ္အ႐ြယ္ ေက်ာ္ဝင္း(ခ)ေက်ာ္ဝင္းေခ်တို႔အား ေဒါပုံၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္(ႏိုဝင္ဘာ ၁၅ ရက္)က ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္တြင္ ေငြက်ပ္တန္ဖိုးသိန္း(၃၆၈၀) ရွိေသာ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။