Xinhua Myanmar

နိုင်ငံကြီးများ သင့်မြတ်လျှင် ကမ္ဘာကြီး ငြိမ်းချမ်းပြီး နိုင်ငံကြီးများ အားပြိုင်ပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်ဟု ရှီကျင့်ဖိန် ဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ ဆန်းကျန့် အပြည်ပြည်ဆိုင်ရာဖလှယ်ရေးစင်တာ၌ ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး အား ကြီးမှူးကျင်းပ၍ “အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ အာရှ-ပစိဖိတ်၏ အံ့ဖွယ် စာမျက်နှာသစ် ဖွင့်လှစ်မည်” ခေါင်းစဉ်ဖြင့် အရေးကြီးအမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့နှင့်အတူ တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ငြိမ်းချမ်းရေးသည် လူသားမျိုးနွယ် အသိုက်အဝန်း၏ မပြောင်းလဲသော ထာဝရမျှော်လင့်မှုဖြစ်ကြောင်း၊ မိမိတို့ကမ္ဘာဂြိုဟ်ကြီးတွင် စစ်ပွဲပေါင်း အကြိမ်ရေ ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့ဖူးပြီး ကမ္ဘာစစ်ကြီး နှစ်ကြိမ်က လူသားမျိုးနွယ် အသိုက်အဝန်းအတွက် မကြုံခဲ့ဖူးသည့် ကပ်ဘေးကြီး ဖြစ်စေခဲ့ကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် ဒေသတွင်းပဋိပက္ခပေါင်း ၆၀ ကျော် မပြီးဆုံးသေးဘဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နိုင်ငံကြီးများ သင့်မြတ်လျှင် ကမ္ဘာကြီး ငြိမ်းချမ်းပြီး နိုင်ငံကြီးများ အားပြိုင်ပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်ကို သမိုင်းက မိမိတို့ကို ပြောပြနေကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်က ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး၏ ခိုင်မာသောအင်အားစုများအနေဖြင့် တရုတ်၊ ရုရှား၊ အမေရိကန် သုံးနိုင်ငံသည် ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ရာ ကြီးမြတ်သော အောင်နိုင်မှုများ ရရှိခဲ့ပြီး ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရယူပေးခဲ့ကြောင်း၊ သမိုင်းသည် အကောင်းဆုံး သင်ရိုးညွှန်းတမ်းဖြစ်ရာ မိမိတို့သည် သမိုင်းကို စွဲမြဲစွာ မှတ်သား၍ သမိုင်းကို သင်ခန်းစာယူကာ အနာဂတ် စာမျက်နှာကို ဖန်တီးဖွင့်လှစ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

习近平:大国和,则世界安;大国斗,则世界乱

新华社深圳11月19日电(记者杨依军、毛思倩)11月19日下午,国家主席习近平在深圳同俄罗斯总统普京、美国总统特朗普举行中俄美元首会晤。  

习近平指出,和平是人类社会的永恒期盼。我们这个星球曾爆发过1万多次战争,两次世界大战更是给人类社会造成空前浩劫,当下世界上仍有60多场地区冲突延宕不止。历史告诉我们:大国和,则世界安;大国斗,则世界乱。80多年前,作为世界反法西斯的中坚力量,中俄美三国并肩奋战,取得伟大胜利,为世界赢得和平和安宁。历史是最好的教科书。我们要铭记历史,以史为鉴,开创未来。(完)

图说:11月19日上午,国家主席习近平在深圳国际交流中心主持亚太经合组织第三十三次领导人非正式会议,并发表题为《建设亚太共同体,续写“亚太奇迹”新篇章》的重要讲话。 新华社记者 殷博古 摄

မူရင်းသတင်း — Xinhua Myanmar