
တရုတ်နိုင်ငံ ရှန်ကျန်းမြို၌ နိုဝင်ဘာ ၁၉ ရက်က ကျင်းပသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တိုကြား သမိုင်းဝင် သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ပြီးဆုံးသွားပြီ ဖြစ်သည်။
ခေါင်းဆောင်သုံးဦးကြား ၁ နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။
အစည်းအဝေးစတင်ချိန်တါင် သမ္မတရှီက ယခုဆွေးနွေးပွဲသည် ခေတ်သစ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်သည့် အရေးပါမှုရှိကြောင်း ပြောကြားခဲ့ပြီး သမ္မတထရန့်ကမူ ၎င်းတိုသည် သမိုင်းမှတ်တိုင်သစ် စိုက်ထူနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် သမ္မတပူတင်က ရုရှား၊ တရုတ်နှင့် အမေရိကန်တိုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပူးတွဲတာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
"ဒီခရီးစဉ်ကနေ အမေရိကန်၊ ရုရှားနဲ့ တရုတ် ခေါင်းဆောင်တွေကြား ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံပွဲကို ကျင်းပနိုင်မယ့် အခွင့်အရေး ရရှိခဲ့တဲ့အတွက် ကျွန်တော် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါကြောင့် အဲဒီရှုထောင့်ကနေရော၊ အခြားနည်းလမ်းပေါင်းစုံကနေပါ ကျွန်တော်တို့ အမှန်တကယ်ပဲ သမိုင်းမှတ်တိုင်သစ် စိုက်ထူနေကြတာ ဖြစ်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
သမ္မတရှီက မိမိတို့ သုံးနိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲကာကွယ်စောင့်ရှောက်သင့်ကြောင်းပြောကြားခဲ့ပြီး၊ သမ္မတပူတင်ကမူ ယူကရိန်းစစ်ပွဲကို ဖြေရှင်းရန် တူညီသော အကျိုးစီးပွားရှိကြောင်း ပြောကြားခဲ့သည်။
"ယူကရိန်းပဋိပက္ခ အပါအဝင် ဒေသတွင်းပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံတွေကြား တူညီတဲ့ အကျိုးစီးပွားတွေ အများကြီး ရှိပါတယ်" ဟု ပူတင်က ပြောကြားခဲ့ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ပူးတွဲတာဝန်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။