
ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဆန်းကျန်းမြို့၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် အာရှ-ပစိဖိတ် ဘက်အသီးသီးအနေဖြင့် လက်တွဲ၍ အာရှ-ပစိဖိတ် အသိုက်အဝန်း၏ “ပင်မ မဏ္ဍိုင်များ” ကို တည်ဆောက်ကြရန် အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးသူ၊ မြှင့်တင်ဆောင်ရွက်သူနှင့် ရှေ့ဆောင်လမ်းပြသူ ဖြစ်သည်ဟု ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ဉာဏ်ပညာများ စုစည်း၍ စုပေါင်းအင်အားများ စုစည်းကာ လက်တွဲ၍ အာရှ-ပစိဖိတ် အသိုက်အဝန်း၏ “ပင်မ မဏ္ဍိုင်များ”ကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။
ပထမအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး မဏ္ဍိုင်ကို ခိုင်မာစေရမည်ဖြစ်သည်။ ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီးချက်များ ချိတ်ဆက်မှုကို တွန်းအားပေးကာ အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ဗဟိုပြု၍ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို အားကောင်းစေပြီး အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး အစီအစဉ်များတွင် ဘက်အသီးသီး၏ ပါဝင်နိုင်စွမ်းကို မြှင့်တင်ရမည်ဖြစ်သည်။
ဒုတိယအနေဖြင့် ဆက်သွယ်ချိတ်ဆက်မှု မဏ္ဍိုင်ကို အဆင့်မြှင့်တင်ရမည်ဖြစ်သည်။ “အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ (hard connectivity) ဆက်သွယ်ချိတ်ဆက်မှု” ကို ခိုင်မာစေပြီး အခြေခံအဆောက်အအုံကွန်ရက်ကို ကောင်းမွန်ပြည့်စုံစေရမည်။ “စည်းမျဉ်းမူဝါဒပိုင်းဆိုင်ရာ (soft connectivity) ဆက်သွယ်ချိတ်ဆက်မှု” ကို အားကောင်းစေပြီး မူဝါဒနှင့် ကြီးကြပ်စီမံရေး ညှိနှိုင်းမှုကို မြှင့်တင်ရမည်။ “စိတ်နှလုံးချင်း ဆက်သွယ်ချိတ်ဆက်မှု” ကို နီးကပ်စေပြီး လူမှုယဉ်ကျေးမှု ဖလှယ်မှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် သိကျွမ်းရင်းနှီးမှုကို မြှင့်တင်ရမည်ဖြစ်သည်။
တတိယအနေဖြင့် ဆန်းသစ်တီထွင်မှု မဏ္ဍိုင်ကို ထူထောင်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အားကောင်းစေကာ ဒေသတွင်း ဒေတာဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်ပြည့်စုံစေပြီး တံခါးဖွင့်လှစ်မှုရှိသော ဆန်းသစ်တီထွင်မှု ဂေဟစနစ်ကို ဖန်တီးရမည်။ ဉာဏ်ရည်တု တွင်ကျယ်စွာ အသုံးချမှုကို မြှင့်တင်ကာ စက်မှုလုပ်ငန်း အသွင်ကူးပြောင်း အဆင့်မြှင့်တင်မှုနှင့် နယ်ပယ်သစ်များဆီသို့ ဦးတည်တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။
စတုတ္ထအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်ကို ခိုင်မြဲစေရမည်ဖြစ်သည်။ ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှု ကိုင်တွယ်ဖြေရှင်းရေးကို နက်ရှိုင်းစေပြီး သဘာဝအရင်းအမြစ်များကို ကျိုးကြောင်းဆီလျော်စွာ အသုံးချမှုနှင့် ကာကွယ်ထိန်းသိမ်းမှုကို တိုးမြှင့်၍ စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ (Xinhua)
...........................
(Chinese Version)
聚焦APEC|习近平:携手搭建亚太共同体的“四梁八柱”
新华社深圳11月19日电(记者邵艺博、熊嘉艺)11月19日上午,国家主席习近平在深圳主持亚太经合组织第三十三次领导人非正式会议并发表重要讲话,强调亚太各方要携手搭建亚太共同体的“四梁八柱”。
习近平指出,中国是亚太经济合作的倡导者、推动者、先行者。中方愿同各方一道,集思广益、汇聚合力,携手搭建亚太共同体的“四梁八柱”。
一是强化经贸支柱。推动区域经贸协定对接,围绕亚太自贸区加强政策对话,提高各方参与高水平经贸安排的能力。
二是升级联通支柱。巩固“硬联通”,完善基础设施网络;增强“软联通”,促进政策和监管协调;密切“心联通”,促进人文交流和民众相知相亲。
三是打造创新支柱。加强数字基础设施建设,完善区域数据治理和协同合作,打造开放创新生态,促进人工智能广泛应用,推动产业转型升级、向新发展。
四是夯实发展支柱。推动区域能源和粮食安全合作,深化跨境腐败治理,加大自然资源合理利用和保护,实现经济可持续增长。(完)
图说:11月19日上午,国家主席习近平在深圳国际交流中心主持亚太经合组织第三十三次领导人非正式会议,并发表题为《建设亚太共同体,续写“亚太奇迹”新篇章》的重要讲话。 新华社记者 王晔 摄