
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် စည်းလုံးညီညွတ်မှု၊ သဒ္ဒါတရားထက်သန်မှုနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တို့ကို ထိန်းသိမ်းရန်ရည်ရွယ်ပြီး “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” အစီအစဉ်ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် စတင်လိုက်ပြီဖြစ်ပါသည်။
မြန်မာတို့၏ ရိုးရာဓလေ့များကိုအလေးထားသည့် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ယခု တန်ဆောင်တိုင် ကာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရားစေတီများ၌ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း၊ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲနှင့် သုံးစွဲသူများကလည်းအတူ ပူးပေါင်းပါဝင်နိုင်သည့် လူမှုအကျိုးပြုလုပ်ငန်းများစသည့် အစီအစဉ် (၃) မျိုး တို့ဖြင့် အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ အင်္ဂါနေ့ (တန်ဆောင်မုန်းလပြည့်နေ့)တွင် MPT သည် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အထင်ကရ စေတီပုထိုးများ၌ မီးထွန်းပွဲတော်များကို တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ မီးထွန်းပွဲတော်များကို ညနေ ၄:၀၀ နာရီမှ စတင်မည်ဖြစ်ပြီး ၅:၃၀ နာရီ အချိန်တွင် ဆီမီးကပ်လှူပူဇော်သည့် အခမ်းအနား ပြုလုပ်သွားမည်ဖြစ်သည်။ မီးထွန်းပွဲတော်အခမ်းအနားတွင် ဖယောင်းတိုင်နှင့် ဆီမီး (၁၈,၀၀၀) ကျော်ကို ဘုရားရှင်အား ရည်စူး၍ ထွန်းညှိပူဇော်သွားမည် ဖြစ်ပါသည်။ ပွဲတော်ကျင်းပသွားမည့် စေတီပုထိုးများ၏ အချက်အလက်များကို MPT ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
တန်ဆောင်တိုင်ပွဲတော်၏ ပျော်ရွှင်ကြည်နူးဖွယ် အငွေ့အသက်များကို ဒီဂျစ်တယ်နည်းလမ်းများမှတစ်ဆင့် ပိုမိုကျယ်ပြန့်စွာ မျှဝေခံစားနိုင်စေရန်အတွက် MPT သည် “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော် အမှတ်တရဓာတ်ပုံပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်မှ (၃၀) ရက်အထိ ကျင်းပပြုလုပ်လိုက်ပြီဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ အနေဖြင့် မိမိတို့၏ တန်ဆောင်တိုင်အမှတ်တရများကို ဓာတ်ပုံရိုက်ကူးပြီး မျှဝေခြင်းဖြင့် အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်လိုက်ရပါသည်။ ပါဝင်လိုသူများသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် သက်ဆိုင်သည့်ဓာတ်ပုံများကို သတ်မှတ်ထားသည့် hashtags များဖြစ်သော #MPTDigitalPhotoContest2026, #MPTTazaungdaingLightingFestival2026, #TogetherwithMPT နှင့်အတူ public setting ဖြင့် မိမိတို့၏ Facebook အကောင့်တွင် ပို့စ်တင်ရပါမည်။ ထို့နောက် မိမိတို့တင်ထားသော ဓာတ်ပုံပို့စ် ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်တွင်တင်ထားသည့် “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော် အမှတ်တရဓာတ်ပုံပြိုင်ပွဲ” Facebook ပို့စ်အောက်တွင် မှတ်ချက် (screenshot) ရေးသားပေးရပါမည်။ စည်မျဉ်းစည်းကမ်းအသေးစိတ် ကို http://tiny.cc/c9qd101 တွင်ကြည့်ရှုနိုင်ပါသည်။
ပါဝင်ယှဉ်ပြိုင်သူများထဲမှ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူ စုစုပေါင်း (၅၃) ဦးကို ကျပန်းစနစ်ဖြင့် ဆု ရွေးချယ်သွားမည်ဖြစ်ပါသည်။ ပေးအပ်သွားမည့် ဆုလက်ဆောင်များမှာ
တယ်လီကွန်းမဟုတ်သော ဆုများ- Honor X9D စမတ်ဖုန်း (၁) လုံးနှင့် 20000mAh Power Bank (၂) လုံး
တယ်လီကွန်းဆုများ- ဒေတာ100 GB ကံထူးရှင် (၁၀) ဦး၊ MPT ဖုန်းငွေဖြည့်ကတ် ၃၀,၀၀၀ ကျပ်အတွက် ဆုရှင် (၁၀) ဦး နှင့် MPT ဖုန်းငွေဖြည့်ကတ် ၁၀,၀၀၀ ကျပ်အတွက် ဆုရှင် (၃၀) ဦး
MPT သည် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းဖော်ဆောင်ရုံသာမက သုံးစွဲသူများ၏ နေ့စဉ်ဆက်သွယ် ဆောင်ရွက်မှုများမှတစ်ဆင့် လူမှုအသိုင်းအဝန်းအတွက် အဓိပ္ပာယ်ရှိသော အထောက်အပံ့များ ပေးအပ်နိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်မှ (၃၀) ရက်အတွင်း MPT4U App မှ တစ်ဆင့် “သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ရဲ့ဆုတွေမြိုင်” ပရိုမိုးရှင်းတွင် နှစ်သက်ရာ ပက်ကေ့ချ်/ဝန်ဆောင်မှု တစ်ကြိမ်ဝယ်ယူတိုင်း (၅၀၀) ကျပ်ဖြင့် ဝယ်ယူမှု အကြိမ် (၁၀,၀၀၀) အထိ စုစုပေါင်း ကျပ် သိန်း (၅၀) ကို MPT က လိုအပ်သည့် လူမှုအသိုက်အဝန်းသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါတယ်။
MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “တန်ဆောင်တိုင်ပွဲတော်ဆိုတာ မြန်မာနိုင်ငံရဲ့ နွေးထွေးမှု၊ သဒ္ဒါတရားထက်သန်မှုနဲ့ ယဉ်ကျေးမှုတွေကို ထင်ဟပ်စေတဲ့ တန်ဖိုးထားရတဲ့ အခါသမယတစ်ခု ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်တွင်းက ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြည်သူတွေနဲ့အတူ အထင်ကရ ဘုရားစေတီတွေမှာ မီးထွန်းပွဲတော်ပြုလုပ်တာ၊ ဒီဂျစ်တယ်ဓာတ်ပုံ ပြိုင်ပွဲကတစ်ဆင့် တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာအပြင် စုပေါင်းဆောင်ရွက်တဲ့ ကုသိုလ်ကောင်းမှုတွေကို အဓိပ္ပာယ်ရှိတဲ့ လူမှုအကျိုးပြု လှုပ်ရှားမှုအဖြစ် ပံ့ပိုးကူညီပြီး ဒီတန်ဆောင်တိုင်ပွဲတော်ကို အတူတကွ ဆင်နွှဲခွင့်ရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အားလုံးပဲ သက်ဆိုင်ရာ စေတီပုထိုးတွေမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲပြီး ဒီပွဲတော်ရာသီရဲ့ လှပတဲ့ အခိုက်အတန့်တွေကို အတူတကွ မျှဝေခံစားကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါတယ်။” ဟု တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပမှုနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။
MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ယုံကြည်မှုနှင့် စဉ်ဆက်မပြတ် ပံ့ပိုးပေးမှုများအတွက် အထူး ကျေးဇူးတင်ရှိပါသည်။ မြန်မာတို့၏ ဓလေ့ထုံးတမ်းများကို ဂုဏ်ပြု ထိန်းသိမ်းသည့် အစီအစဉ်များနှင့်အတူ သုံးစွဲသူများအတွက် လွယ်ကူလျင်မြန်သည့် ဒီဂျစ်တယ် အတွေ့အကြုံများကို ပံ့ပိုးပေးခြင်းဖြင့် MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန် လှပစေပြီး မြန်မာနိုင်ငံနှင့်အတူ အမြဲ ရှေ့ဆက်တိုးတက်နိုင်ရေးအတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။MPT ၏ နောက်ဆုံးရပရိုမိုးရှင်းများ၊ မီးထွန်းပွဲတော် ပြုလုပ်မည့် စေတည်ပုထိုးများ၏ တည်နေရာ အသေးစိတ် အချက်များနှင့် အခြားသော ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက် တုံ့ ပြန် ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
NZ (ရိုးရာလေး)