
နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံခဲ့ပြီး ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မြန်မာနိုင်ငံမှအလှည့်ကျ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ရေးကိစ္စ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချူပ် မစ္စတာ အင်ဒရာမာနီပန်ဒေးတို့မှာ နိုဝင်ဘာ ၁၉ ရက်၊ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊အထူးသဖြင့် စိုက်ပျိုးရေးနှင့် စားရေရိက္ခာ ဖူလုံရေး၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရေး၊ မြန်မာနိုင်ငံမှ
အလှည့်ကျ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ရေးနှင့် ဘင်းမ်စတက်အဖွဲ့၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။