Eleven Media Group

■ ICC နှင့် အလားတူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း အမေရိကန်၊ တရုတ်နှင့် ရုရှား ခေါင်းဆောင်သုံးဦးက ကြေညာချက်ထုတ်ပြန်

■ ICC တရားရုံးသည် ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေသည့် စည်းကမ်းမဲ့ ကမ္ဘာ့အဖွဲ့အစည်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

ICC နှင့် အလားတူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း အမေရိကန်၊ တရုတ်နှင့် ရုရှား ခေါင်းဆောင်သုံးဦးကကြေညာချက်ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် သမိုင်းဝင်သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်သမ္မတ ရှီကျင်းပင်၊ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကအပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နှင့် “အခြားအလားတူ အဖွဲ့အစည်းများ” ကို အဓိကပစ်မှတ်ထား ဝေဖန်ထားသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးတွင် မိနစ် ၈၀ ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ခေါင်းဆောင်သုံးဦးကအချက်လေးချက်ပါဝင်သော “ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာစာတမ်းတွင် ဖော်ပြထားခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းအချို့တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်တွင် ICC နှင့် အလားတူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် “၎င်းတို့၏ တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း” ဖော်ပြထားပြီး နိုင်ငံတကာဆက်ဆံရေးတွင်

နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၏ ကင်းလွတ်ခွင့်ကို လေးစားလိုက်နာရန် “အရေးအကြီးဆုံးဖြစ်ကြောင်း” အလေးပေး ပြောကြားခဲ့သည်။

ထို့အပြင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အများပြည်သူကို ပြောကြားသည့် အစီအစဉ်တွင်သမ္မတ ထရန့်က ICC ကို အဓိကထားတိုက်ခိုက်ပြောဆိုခဲ့ရာ၌ ယင်းတရားရုံးသည် “ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး”၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်နေသည့် “စည်းကမ်းမဲ့ ကမ္ဘာ့အဖွဲ့အစည်း”ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group