Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးမှ သံရုံးယာယီတာဝန်ခံ/အကြီးတန်းသံမှူး Mr. Aleh Holubeu အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၉

 

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံရုံးမှ သံရုံးယာယီတာဝန်ခံ/ အကြီးတန်းသံမှူး Mr. Aleh Holubeu အား ယနေ့မွန်းလွဲ ၃ နာရီတွင် ရုံးအမှတ် (၁) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဘယ်လာရုစ် နိုင်ငံ၌ ကျင်းပခဲ့သည့် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးနှင့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ စက်မှုပြပွဲသို့ တက်ရောက်စဉ် ဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News