ရန်ကုန် နို၀င်ဘာ ၁၉
ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ)နှင့် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီ ကောင်းမွန်စွာဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီ ပြီးမြောက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းဖွင့်ရက် မတိုင်မီ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ စာသင်ဆောင်များ၊ စာသင်ခုံများ သန့်ရှင်းသပ်ရပ်စေရေး၊ တက္ကသိုလ် ပရဝဏ်အတွင်း စိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာ လှပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ ကြစေလိုကြောင်း ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)ရှိ အစည်းအဝေးခန်းမတွင် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ သမိုင်းကြောင်း၊ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည့် သင်တန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ထို့ပြင် ဒဂုံတက္ကသိုလ်နှင့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်တို့သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ နှင့်တွေ့ဆုံ၍ အပန်းဖြေရိပ်သာ (Recreation Centre)ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တက္ကသိုလ်မုခ်ဦး မိန်းလမ်းဘေးရှိ ရေဝပ်သော နေရာများတွင် မြေဖို့ ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်