
ဟိုပုံး ၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စိတ်စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများစုပေါင်း၍ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မိသားစု၏ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဦးစွာ မဟာဘုံကထိန်လှည့်လည်ပွဲတွင် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကျောင်းမိသားစုဝင်များ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အလှဆင်ပစ္စည်းများဖြင့် ဝေဝေဆာဆာပြင်ဆင်ကာ ရိုးရာအစဉ်အလာနှင့်အညီ စည်းလုံးညီညွတ်စွာ လှည့်လည်သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ငွေပဒေသာပင် စုစုပေါင်း (၁၆) ပင် တန်ဖိုးငွေ (၁၉၃၀၁၂၀၀)ကျပ် ဖြစ်ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ငွေပဒေသာပင် စုစုပေါင်း (၁၉) ပင် တန်ဖိုးငွေ (၁၉၅၄၀၅၀၀) ကျပ် ပါဝင်လှူဒါန်းခဲ့ကြပြီးနောက် မီးပုံးပျံများလွှတ်တင် ပူဇော်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost