Myanmar Digital News

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၉

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး သည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံသံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ခိုင်မာ တိုးတက်လာမှုနှင့် နှစ်ဖက်သံရုံးများ အပြန်အလှန် ဖွင့်လှစ်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် အစိုးရသစ်ပေါ်ပေါက်လာမှုအပေါ် ထောက်ခံအားပေး ခဲ့မှု၊ မြန်မာ့လွှတ်တော်ဖွဲ့စည်းပုံနှင့် နိုင်ငံတကာပါလီမန် အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အတွေ့အကြုံဖလှယ်ရေး တိုးမြှင့်ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

 

တက်ရောက်

 

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News