Myanmar Digital News

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဟားခါး နိုဝင်ဘာ ၁၉

 

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆ )ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အမှာစကားပြောကြား

 

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၏ လျှောက်လွှာများကို စိစစ်အတည်ပြုခြင်း၊ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ယခု အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အချက်များကို လွတ်လပ်စွာ ဆွေးနွေးတင်ပြကြစေလိုကြောင်း ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ယခုအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီဖွဲ့စည်းမှု၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အစည်းအဝေးကျင်းပခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို တစ်ချက်ချင်းစီ ဆွေးနွေးဆုံးဖြတ်ကြသည်။

 

ထို့ပြင် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လျန်ဇခုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန့်၊ ပြည်နယ် ဥပဒေချုပ် ဦးကပ်တလွန်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးညီညီနိုင်တို့ က အကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News