Eleven Media Group

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားမဝင်နေထိုင်လုပ်ကိုင်မှုဖြင့် မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လုပ်ငန်းခွင်တစ်ခုတွင် မြန်မာလုပ်သား ၂၀၂ ဦးအား တာဝန်ရှိသူများက နိုဝင်ဘာ ၁၇ ရက်​က စစ်​ဆေးရာ တရားမဝင်​နေထိုင်လုပ်ကိုင်ခြင်းဆိုင်ရာစွပ်စွဲချက်ဖြင့် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ​ကြောင်း သိရသည်။

ချွန်ဘူရီခရိုင်လူဝင်မှုကြီးကြပ်​ရေး၊ စီရာချာမြို့နယ်အုပ်ချုပ်​ရေးအဖွဲ့က ဦး​ဆောင်ကာ လဲမ်ချဘန်းမြို့​တော်စည်ပင်အဖွဲ့တို့ပူး​ပေါင်း၍ ၂၀၂၆ ခု နိုဝင်ဘာ ၁၇ ရက်ကပူး​ပေါင်းစစ်​ဆေး​ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလုပ်သမား ၄၀ ဦးကိုလည်း မူးယစ်​ဆေးဝါးသုံးစွဲမှုရှိ မရှိစစ်​ဆေးခဲ့​ရာ သုံးစွဲခြင်းမရှိ​ကြောင်း သိရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်​ရောက်ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း​ကြောင့် ဖမ်းဆီးခံရသူ ၁၉ ဦးအား နောင်ခမ်းရဲစခန်းသို့ လွှဲအပ်ကာ အ​ရေးယူ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

Crd,Photo.LHT

မူရင်းသတင်း — Eleven Media Group