ရန်ကုန် နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံတွင် အဋ္ဌမအကြိမ်မြောက် “World Philosophy Day” 2026 အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ “စာဆိုဗိမာန်”၌ ကျင်းပသည်။
ဦးစွာ 2026 World Philosophy Day အခမ်းအနားနှင့်ပတ်သက်၍ ဒဿနိကဗေဒဌာန ပါမောက္ခ (ဌာနမှူး)က အမှာစကားပြောကြားပြီး ယူနက်စကို၏သဝဏ်လွှာကို ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်က ဖတ်ကြားသည်။
ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခ(ဌာနမှူး) (ငြိမ်း) ဒေါက်တာဖြူဖြူက Key Notes Address ပြောကြားပြီး ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန အချိန်ပိုင်းပါမောက္ခ ဒေါက်တာ လဲ့လဲ့ဝင်းက World Philosophy Day 2026 ၏ Theme နှင့်ပတ်သက်၍လည်းကောင်း၊ မန္တလေးအဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမူယာက “Why Philosophy is needed for the culture” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောကြသည်။
ယင်းနောက် ကျောင်းသားကျောင်းသူများက စကားဝိုင်းကျင်းပခဲ့ပြီး အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)