Myanmar Digital News

Myanmar Golf Club JGM Winter Cup 2026 မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၉

 

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် Junior Golf Myanmar (JGM) က ကြီးမှူး၍ မြန်မာဂေါက်ရိုက်အသင်း (၉မိုင်) က အဓိက ကူညီပံ့ပိုးသော Myanmar Golf Club JGM Winter Cup 2026 မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ မြန်မာ ဂေါက်သီးရိုက်အသင်း (၉မိုင်) ၌ ပြုလုပ်သည်။

 

ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးနှင့် Junior Golf Myanmar ဥက္ကဋ္ဌ ဦးအောင်ကိုဇော်နှင့် မြန်မာဂေါက်သီးရိုက် အသင်းဥက္ကဋ္ဌ ဦးအေးကိုကိုစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ နာယက ဦးအောင်ကြည်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar ဥက္ကဋ္ဌ ဦးအောင်ကိုဇော်၊ မြန်မာဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးအေးကိုကိုစိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ခိုင်၊ အတွင်းရေးမှူး ဦးဆန်းလွင်၊ ကွင်းလုပ်ငန်းစစ်ဆေးရေးနှင့် ဘာဂီဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရဝင်း၊ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းထွဋ်၊ ကွင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးချစ်မင်းစံ၊ ပြိုင်ပွဲနှင့် အချက်အကျောပေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းတို့က အလှည့်ကျဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက မြန်မာဂေါက်သီးရိုက်အသင်းသို့ Golf Course Sprinkler Head များလှူဒါန်းရာ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးအေးကိုကိုစိုးက လက်ခံရယူသည်။

 

ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီး အားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲပထမနေ့ကို နိုဝင်ဘာ ၁၈ ရက်၊ ဒုတိယနေ့ကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည်။ ပြိုင်ပွဲနောက်ဆုံးနေ့ကို နိုဝင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MGF

မူရင်းသတင်း — Myanmar Digital News