
တိုကျို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
“ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးပမ်းတဲ့၊ လွှတ်တော်အမတ်နေရာ အရေအတွက်ကို လျှော့ချပြီး အာဏာရှင်စနစ်ဆီသို့ ဦးတည်ဖို့ ကြံစည်တယ်… (ဆာနာအဲ တာကာအိချိ အစိုးရရဲ့) စိုးရိမ်စရာတွေက များလွန်းလို့ ဒီနေရာမှာ ပြောလို့ကို ကုန်မှာမဟုတ်ဘူး” ဟု နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံ လွှတ်တော်အဆောက်အအုံရှေ့တွင် ဂျပန်နိုင်ငံသား ဆန္ဒပြသူတစ်ဦးက ဆင်ဟွာ သတင်းထောက်အား ပြောကြားခဲ့သည်။ ယင်းညပိုင်းတွင် လူတစ်သောင်းကျော်သည် ဤနေရာ၌ စုဝေးကာ တာကာအိချိ အစိုးရ၏ မူဝါဒများနှင့် လှုပ်ရှားမှုများစွာကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
စီစဉ်သူများ၏ မိတ်ဆက်ပြောကြားချက်အရ လူ ၁၃,၀၀၀ ခန့် စုဝေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ စုဝေးရာနေရာ၌ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြစို့” “စစ်ပွဲပြင်ဆင်မှုကို ရပ်တန့်ပါ” “‘နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်’ တွင် ခြွင်းချက်မရှိ” စသည့် စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြနေကြသည်ကို သတင်းထောက်က တွေ့မြင်ခဲ့သည်။
တာကာအိချိ အာဏာရလာသည့်နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုသည့် ဆန္ဒကို အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ပြီး စစ်တပ် တိုးချဲ့၍ လက်နက်အင်အား မြှင့်တင်ရေးကို အရှိန်မြှင့် တွန်းအားပေးလျက်ရှိသည်။ ဂျပန်အစိုးရသည် “လုံခြုံရေးဆိုင်ရာ စာတမ်း သုံးရပ်” ဗားရှင်းအသစ်ကို ဒီဇင်ဘာလတွင် အတည်ပြုရန် စီစဉ်ထားပြီး စစ်ဆင်ရေးအင်အားကို ဖွံ့ဖြိုးစေကာ “ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း” ကို အရှိန်မြှင့်လျက်ရှိသည်။ ဂျပန်မီဒီယာများက မကြာသေးမီက ဖော်ထုတ်ချက်အရ ဂျပန်အစိုးရသည် “လုံခြုံရေးဆိုင်ရာ စာတမ်း သုံးရပ်” ကို ပြန်လည်ပြင်ဆင်ရာတွင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ၏ ခြွင်းချက်အခြေအနေများကို ထည့်သွင်းရန် အရေးပေါ်အခြေအနေတွင် နျူကလီးယားလက်နက်များကို ဂျပန်နိုင်ငံအတွင်းသို့ သယ်ဆောင်ခွင့်ပြုရန် စဉ်းစားလျက်ရှိသည်။

ဆန္ဒပြသူတစ်ဦးက “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” သည် ဂျပန်နိုင်ငံ၏ နိုင်ငံတော်မူဝါဒတစ်ရပ်ဖြစ်သော်လည်း ဂျပန်အစိုးရသည် ဆက်စပ်ကန့်သတ်ချက်များကို ပြောင်းလဲကာ ဖြေလျှော့ရန်ပါ ကြံစည်လျက်ရှိပြီး အနည်းငယ် ဖြေလျှော့လိုက်ရုံဖြင့် နောက်ပိုင်းတွင် တစ်ဆင့်ပြီးတစ်ဆင့် အတိုင်းအတာကို ချဲ့ထွင်သွားမည်ဖြစ်ကာ နောက်ဆုံးတွင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို လုံးလုံးလျားလျား ပစ်ပယ်ထားတော့မည် ဖြစ်သည်ဟု ဆင်ဟွာ သတင်းထောက်အား ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ လက်ရှိလုံခြုံရေးမူဝါဒသည် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုံးလုံးလျားလျား ကွဲလွဲမှုဖြစ်ပေါ်လာပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆန္ဒပြသူ ယာမာရှိတာက “ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ကို အမြဲ စောင့်ထိန်းလာခဲ့ကြတယ်၊ အခုတော့ ဒါကို သူတို့ ကိုယ်တိုင် စွန့်ပစ်ဖို့ ကြိုးပမ်းကြတယ်၊ ကျွန်တော်အနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်တယ်” ဟု ဆင်ဟွာ သတင်းထောက်အား ပြောကြားခဲ့သည်။
ဂျပန်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် အာကီရာ ကိုအိခဲက စုဝေးပွဲတွင် မိန့်ခွန်းပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ “စစ်တိုက်နိုင်သောနိုင်ငံ” တည်ဆောက်ရေး လမ်းစဉ်တွင် ဘရိတ်မရှိဘဲ လီဗာသာရှိပြီး စတီယာရင်ကို ညာဘက်သို့သာ ကွေ့သည့် နေရာမျိုးအဖြစ် ဂျပန်လွှတ်တော်ကို လုံးဝ ဖြစ်လာစေမည် မဟုတ်ဟု ပြောကြားခဲ့သည်။
ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင် ဂျပန်နိုင်ငံသည် “နိုင်ငံ၏အခွင့်အာဏာဖြင့် စစ်ပွဲစတင်ခြင်း၊ လက်နက်အင်အားသုံး ခြိမ်းခြောက်မှု သို့မဟုတ် အသုံးပြုမှုတို့ကို နိုင်ငံတကာအငြင်းပွားမှုများအား ဖြေရှင်းရန် နည်းလမ်းအဖြစ် အသုံးပြုခြင်းကို ထာဝရစွန့်လွှတ်သည်” “ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် အခြားစစ်အင်အားကို မထားရှိသလို နိုင်ငံတော်၏ စစ်တိုက်ခွင့်ကို အသိအမှတ်မပြု” ဟု ပြဋ္ဌာန်းထားကာ ထို့ကြောင့် ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဟုလည်း ခေါ်ဆိုကြသည်။ (Xinhua)


……………………………
(Chinese Version)
日本东京万人集会抗议高市政权政策
新华社东京11月19日电(记者陈泽安 李林欣)“试图修改和平宪法、企图削减国会议员额定议席数走向独裁统治……(高市早苗政权)令人担忧的地方多到在这里根本说不完。”19日晚,在东京日本国会议事堂前,一名日本抗议者对新华社记者说。当晚,上万人在这里集会,抗议高市政权一系列政策和动向。
据组织者介绍,有约1.3万人参加集会。记者在现场看到,抗议者手持写有“守护宪法”“停止战争准备”“‘无核三原则’没有例外”等字样的牌子进行抗议。
高市上台以来多次表达修宪意愿,加速推动扩军备武。日本政府还拟于12月通过新版“安保三文件”,发展进攻力量,加速“再军事化”。日媒近日披露,日本政府考虑在修订“安保三文件”时,写入“无核三原则”的例外情况,允许在紧急情况下将核武器运进日本。
一名抗议者向新华社记者表示,“无核三原则”是日本的一项国策,但日本政府却打算变更并放宽相关限制,一旦稍微放宽一点,之后就会一步步扩大范围,最终会将“无核三原则”完全置之不顾。他还说,日本现在的安保政策已变得与日本宪法格格不入了。
抗议者山下对新华社记者说:“我们一直坚守宪法第九条,现在他们却要亲手将其抛弃。我坚决反对。”
日本共产党书记局长小池晃在集会上发言说,绝不能让日本国会变成这样一个地方:在推动修宪、建设“能战国家”的道路上,没有刹车只有油门,而且方向盘只向右打。
日本宪法第九条规定,日本“永远放弃以国权发动的战争、武力威胁或武力行使作为解决国际争端的手段”,“不保持陆海空军及其他战争力量,不承认国家的交战权”,因而也被称为和平宪法。(完)
图说:11月19日晚,在日本东京的国会议事堂前,上万人集会抗议高市政权一系列政策和动向。 新华社记者 贾浩成 摄