
ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အထောက်အကူဖြစ်အောင် တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့နှင့်အတူ ဆောင်ရွက်သွားရန် ရုရှားနိုင်ငံအနေဖြင့် အသင့်ရှိသည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က နိုဝင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့်အတူ ကျင်းပသည့် တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွင်း ပူတင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်တွင် ရရှိခဲ့သော အောင်ပွဲက နိုင်ငံသုံးနိုင်ငံကို တစ်စုတစ်စည်းတည်း ဖြစ်စေခဲ့သည်ဟု ပူတင်က ဆိုသည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းမြှင့်တင်ခြင်းတို့သည် ၎င်းတို့၏ ဘုံတာဝန်များ ဖြစ်သလို ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ကိစ္စရပ်များကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းသည်လည်း ၎င်းတို့၏ ဘုံအကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။
လွတ်လပ်ပြီး တံခါးဖွင့်လှစ်သော နိုင်ငံတကာ ကုန်သွယ်မှုအား မြှင့်တင်ခြင်း၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံရေးအား ကာကွယ်ခြင်း၊ ဉာဏ်ရည်တုစီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေခြင်းတို့ကို တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့နှင့်အတူ ဆောင်ရွက်သွားရန် ရုရှားနိုင်ငံအနေဖြင့် အသင့်ရှိသည်ဟုလည်း ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Russia ready to work with China, U.S. to contribute to world peace, security: Putin
SHENZHEN, Nov. 19 (Xinhua) -- Russian President Vladimir Putin said Thursday that Russia stands ready to work with China and the United States to contribute to world peace and security.
Putin made the remarks during a China-Russia-U.S. summit with Chinese President Xi Jinping and U.S. President Donald Trump in Shenzhen, south China's Guangdong Province.
Putin said the victory in World War II brought the three countries together. Safeguarding the purposes and principles of the United Nations Charter and upholding international peace are their shared responsibilities, while properly addressing hotspot issues serves their common interests, he added.
Russia stands ready to work with China and the United States to promote free and open international trade, safeguard energy and food security, and strengthen international cooperation on artificial intelligence governance, Putin said. ■
Photo caption: Chinese President Xi Jinping holds a China-Russia-U.S. summit with Russian President Vladimir Putin and U.S. President Donald Trump in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Xie Huanchi)