Xinhua Myanmar

အာရှပစိဖိတ်အသိုက်အဝန်း၏ “ထောက်တိုင်လေးခု မဏ္ဍိုင်ရှစ်ရပ်” အား ဝမ်ရိ ဆွေးနွေးပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာသတင်းထောက်များအား အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် သက်ဆိုင်ရာလှုပ်ရှားမှု ရလဒ်များ မိတ်ဆက်ပြောကြား၍ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာသတင်းထောက်များထံသို့ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ရလဒ်များကို မိတ်ဆက်ပြောကြားခဲ့သည်။

ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်သည် အာရှ-ပစိဖိတ် အတူတကွ စည်ပင်ဝပြောမှုကို မြှင့်တင်ရာ၌ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများကို ဖယ်ရှားပြီး တံခါးဖွင့်လှစ်မှုပုံစံ အာရှ-ပစိဖိတ် စီးပွားရေးကို တည်ဆောက်ရမည်ဖြစ်သလို ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးကာ ထိရောက်မှုနှုန်းနှင့်တရားမျှတမှုကို တန်းတူဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ဆိုခဲ့သည်။

မိမိတို့အနေဖြင့် အဆိုပါရည်မှန်းချက်ကို အာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်မှုယန္တရား ဖန်တီးကာ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များ တင်ပြပြီး လှုပ်ရှားမှုအစီအစဉ်များ ချမှတ်ခဲ့သဖြင့် အာရှပစိဖိတ်အသိုက်အဝန်း၏ “ထောက်တိုင်လေးခု မဏ္ဍိုင်ရှစ်ရပ်” ဖြစ်တည်လာကြောင်း၊  “ထောက်တိုင်လေးခု” သည် စီးပွားကုန်သွယ်မှု၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဆန်းသစ်တီထွင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ “မဏ္ဍိုင်ရှစ်ရပ်” သည် အာရှပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ အဆောက်အဦများ အပြန်အလှန်ချိတ်ဆက်မှု၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှု၊ ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ထွန်းသစ်စနည်းပညာ၊ စွမ်းရည်တည်ဆောက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍများသည် အပြန်အလှန် ထင်ဟပ်နေပြီး ပနံသင့်အကျိုးဖြစ်ထွန်းလျက်ရှိကာ အာရှ-ပစိဖိတ် အသိုက်အဝန်း၏ ဖွဲ့စည်းပုံတစ်ရပ်လုံးကို ကျားကန်ပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

王毅谈亚太共同体的“四梁八柱”

新华社深圳11月19日电(记者赵瀚泽、周颖)11月19日,中共中央政治局委员、外交部长王毅在深圳向中外记者介绍亚太经合组织领导人非正式会议成果。  

王毅说,习近平主席强调,促进亚太共同繁荣,要消除贸易和投资壁垒,建设开放型亚太经济,也要推动普惠均衡发展,兼顾效率和公平。我们着眼这一目标,打造合作机制,提出合作倡议,制定行动计划,形成亚太共同体的“四梁八柱”。“四梁”就是经贸、联通、创新、发展。“八柱”就是亚太自贸区、设施硬联通、规制软联通、人民心联通,以及数字经济、新兴技术、能力建设、可持续增长。这些板块彼此呼应、相得益彰,支撑起亚太共同体的整体架构。(完)

图说:11月19日,中共中央政治局委员、外交部长王毅在深圳向中外记者介绍亚太经合组织第三十三次领导人非正式会议及相关活动成果,并回答记者提问。 新华社记者 吴鲁 摄

မူရင်းသတင်း — Xinhua Myanmar