
ဝါရှင်တန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အီရန်နှင့်ပတ်သက်သည့် အမေရိကန်၏စစ်ရေးလှုပ်ရှားမှုများအတွက်ကုန်ကျစရိတ်မှာ နိုဝင်ဘာ ၁၃ ရက်အထိ အမေရိကန်ဒေါ်လာ ၄၈.၃ ဘီလီယံ ရှိလာသလို ယင်းကုန်ကျစရိတ်များထဲတွင် အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း အီရန်၏တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့သည့် အမေရိကန်စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်ရသည့်ကုန်ကျစရိတ်များ မပါဝင်သေးကြောင်း ပင်တဂွန်မှတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၉ ရက်တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။
အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ၏ကြားနာပွဲတွင် ရေတပ်၏ဘဏ္ဍာရေးပိုင်းထိန်းချုပ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ရန် အမည်စာရင်းတင်သွင်းခံထားရသည့် ပင်တဂွန်မှဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ အာသာမီလာက ယင်းကုန်ကျစရိတ်ပမာဏကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုနောက်ဆုံးရကုန်ကျစရိတ်ပမာဏသည် သြဂုတ် ၁ ရက်အထိ အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးကခန့်မှန်းထားသည့် ဒေါ်လာ ၃၈ ဘီလီယံထက် ၂၇ ရာခိုင်နှုန်းခန့် ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစုစုပေါင်းပမာဏတွင် ခဲယမ်းမီးကျောက်များ၊ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများကို အသစ်အစားထိုးခြင်းနှင့် စစ်ဆင်ရေးဆိုင်ရာကုန်ကျစရိတ်များပါဝင်သည်ဟု မီလာကပြောကြားခဲ့ကာ ပျက်စီးမှုများကိုပြန်လည်ပြုပြင်ရန်လိုအပ်သည့် ထပ်ဆောင်းကုန်ကျစရိတ်ခန့်မှန်းခြေပမာဏကိုမူ မသိရှိရသေးဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ရီပက်ဘလစ်ကန်ပါတီဝင်တစ်ဦးဖြစ်သူ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရော်ဂျာဝှစ်ကာက အဆိုပါ ကုန်ကျစရိတ်ဆိုင်ရာကိန်းဂဏန်းအချက်အလက်များကို အမြန်ဆုံးတင်ပြပေးရန် မီလာအား တောင်းဆိုခဲ့သည်။
အဆိုပါဒေသအတွင်းရှိ အမေရိကန်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုအတွက်ကုန်ကျစရိတ်မှာ ဒေါ်လာ ၅ ဘီလီယံမှ ၁၅ ဘီလီယံအထိရှိနိုင်သည်ဟု The Wall Street ဂျာနယ်က ပင်တဂွန်သတင်းရင်းမြစ်များကိုကိုးကား၍ အောက်တိုဘာလအတွင်းက ဖော်ပြခဲ့သည်။ (Xinhua)
............................................
(English version)
Iran war bill reaches 48.3 bln USD: Pentagon official
WASHINGTON, Nov. 19 (Xinhua) The U.S. war against Iran had cost 48.3 billion U.S. dollars as of Nov. 13, excluding the spending on repairing U.S. military facilities damaged by Iranian strikes across the Middle East, a Pentagon official told lawmakers on Thursday.
Arthur Miller, a Pentagon budget official nominated to serve as the Navy's comptroller, disclosed the figure during a Senate Armed Services Committee hearing.
The latest figure represents an increase of about 27 percent from the 38 billion dollars estimated by the Congressional Budget Office as of Aug. 1.
The total includes spending on munitions, equipment replacement and military operations, Miller said, adding that he did not have an estimate for the additional repair costs.
Senate Armed Services Committee Chairman Roger Wicker, a Republican, called on Miller to provide the figures as soon as possible.
Damage to U.S. facilities in the region could range from 5 billion dollars to 15 billion dollars, The Wall Street Journal reported last month, citing Pentagon sources. ■
Photo caption: Demonstrators holding placards take part in a May Day rally in Los Angeles, California, the United States, on May 1, 2026. (Photo by Qiu Chen/Xinhua)